CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(နိုဝင်ဘာ ၄ ရက်)မှာတော့ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စေ့စပ်ညှိနှိုင်းခဲ့ပါက လက်ရှိ အပြုတ်တိုက်ရေး အုပ်စုတွေအနေနဲ့ လက်ခံနိုင်ခြေရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်တဲ့သတင်း
အမေရိကန်သတင်းထောက်ကို အာမခံပေးဖို့ မြန်မာတရားရုံးက ငြင်းဆိုခဲ့ပြီး စွဲချက်အသစ် ထပ်မံတိုးလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းနဲ့ အားကစားသတင်းများကို တင်ဆက်ပေးပါမယ်။`

- ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ပါက အပြုတ်တိုက်ရေးအုပ်စုများ လက်ခံနိုင်ချေရှိဟုဆို

- ကျပ်သိန်း ၂၀၀ အထက်ငွေပေးချေမှု သတ်မှတ်ချက် လုပ်ငန်းလည်ပတ်မှု ခက်ခဲသွားနိုင်ဟုဆို

- ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်အားကောင်းလာနိုင်

-အမေရိကန်သတင်းထောက်ကို အာမခံပေးဖို့ မြန်မာတရားရုံး ငြင်းဆိုပြီး စွဲချက်အသစ် ထပ်တိုး

- လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ဗင်နီဇွဲလားကို ICC စစ်ဆေးမည်

- အီသီယိုးပီးယားစစ်ပွဲ အစွန်းရောက်ရက်စက်သည်ဟု UN ပြော

- ဒီရာသီ ချန်ပီယံလိဂ်ဖလားက လီဗာပူးလ် အတွက်ပဲလို့ ပြောလိုက်တဲ့ မိုက်ကယ်အိုဝင် စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။