CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၂၈ ရက်)မှာတော့ ရှမ်းတပ်နှစ်တပ် တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် သျှမ်းပြည်သံဃာတော်နဲ့ပြည်သူများက တောင်းဆို လိုက်တဲ့သတင်း ၊ တင်းမာမှု ကြီးထွားလာနေတဲ့ ထိုင်ဝမ်ကျွန်းအရေးကိစ္စမှာ ထိုင်ဝမ်အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းပိုင်ခွင့် မရှိကြောင်း တရုတ်က သတိပေးလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
- ရှမ်းတပ်နှစ်တပ် တိုက်ပွဲများ ရပ်တန့်ရန် သျှမ်းပြည်သံဃာတော်နှင့်ပြည်သူများ တောင်းဆို
- ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ကုန်ကြမ်းထွက်ကုန်အချို့ တရုတ် တင်သွင်းခွင့်ပြု၊ ၎င်းတို့လိုအပ်ချက်ကြောင့်ဟု ဆို
- အိန္ဒိယနိုင်ငံမှ Adani Group မြန်မာကနေ ထွက်ခွာဖွယ်ရှိ
- ဘိုင်ဒန်ဝေဖန်နေသည့်ကြားမှ ထိုင်ဝမ်အရေးကိစ္စ ကုလသမဂ္ဂ မပါဝင်ရေး တရုတ်သတိပေး
- မြန်မာ့အရေး အာဆီယံဖြေရှင်းနိုင်ကြောင်း ပြသရမည်ဟု ဒူတာတေးပြော
- အာဆီယံနှင့်ဂျပန် နီးကပ်သည့် ဆက်ဆံရေးများ ပြသ စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။