CNI International News
ကွီတို၊ အောက်တိုဘာ ၂၇
လောင်စာစီဆီဈေးနှုန်းတက်ခြင်းအပေါ် အီကွေဒေါဌာနေတိုင်းရင်းသားများ မကျေမနပ်ဖြစ်၍ စုဝေးဆန္ဒပြမှုတစ်ခု အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက စတင်ခဲ့ကြောင်း၊ ဆန္ဒပြမှုအထိမ်းအမှတ်အဖြစ် ဆင်ခြေဖုံးရပ်ကွက်များသို့ သွားလာသော ပင်မလမ်းကြောင်းကို ရပ်နားထားကြကြောင်း၊ ၎င်းဆန္ဒပြမှုကို အီကွေဒေါနိုင်ငံသုံး ဘာသာ စကားဖြင့် တစ်နိုင်ငံလုံးပိတ်ဆို့ခြင်း ဟု အမည်ပေးထားကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။
ဆန္ဒပြသူများက အခိုင်အခန့်ကာရံထားသော သမ္မတနန်းတော်သို့ ငြိမ်းချမ်းစွာ ဝင်ရောက်လိုသော်လည်း သွပ်ဆူးကြိုးဘန်ကာများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများက ၎င်းအဆောက်အဦဆီသို့ သွားရာလမ်းများကို တားဆီးထားခဲ့ကြသည်။
Source: Aljazeera
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1903-2021-10-27-09-28-36