CNI International News
ဝါရှင်တန်၊အောက်တိုဘာ ၂၇
နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်မှုအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏အကြီးမားဆုံး တယ်လီကွန် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ အမေရိကန်လိုင်စင်ကို ဝါရှင်တန်က ရုပ်သိမ်းလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၇ ရက်(ယနေ့)ရေးသားဖော်ပြသည်။
ယင်းသို့ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန် က ကမ္ဘာ့စီးပွားရေး အခြေအနေနှင့်ပတ်သက်၍ တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟဲ နှင့် ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာမှာ ထွက်ပေါ်လာခြင်းဖြစ်သည်။
Source: BBC
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/.../polit.../1899-2021-10-27-07-57-06