CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အာဆီယံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနှင့် ပတ် သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး အာဆီယံကြိုးပမ်း အားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုမှ ထောက်ခံ အားပေးကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောသည်။
သမ္မတဂျိုးဘိုင်ဒန်သည် အောက်တိုဘာ ၂၆ ရက်က စတင်ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ပြောကြား ခဲ့သည်ဟု အမေရိကန်သံရုံးမှ ယနေ့ (အောက်တိုဘာ ၂၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
သမ္မတဂျိုးဘိုင်ဒန်အာဆီယံနှင့် မိတ်ဖက် လက်တွဲဆောက်ရွက်မှု ပိုမို အားကောင်းစေရေး အမေရိကန်၏ ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီ
ယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်း အတည်ပြုခဲ့သလို အာဆီယံ၏ အမြင်ကို ချီးကျူးခဲ့သည်။
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/.../polit.../1898-2021-10-27-07-39-10