CNI International News
 
ဝါရှင်တန်၊ အောက်တိုဘာ ၂၃
 
ဆီးရီးယားနိုင်ငံအတွင်း မောင်းသူမဲ့လေယာဉ်(ဒရုန်း)အသုံးပြုကာ အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင် အဗ္ဗဒူဟာမစ်အယ်မာတာကို အမေရိကန်စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း အမေရိကန် စစ်ရေးဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရ သည်။
 
“အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင်ကို ရှင်းပစ်လိုက်ခြင်းဟာ အမေရိကန်နိုင်ငံသားတွေ၊ ကျနော်တို့ရဲ့ မိတ်ဖက်တွေနဲ့ အပြစ်မဲ့အရပ်သားတွေကို ခြိမ်းခြောက်ပြီး ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုပြုနေတဲ့ အကြမ်းဖက်အဖွဲ့ ရဲ့စွမ်းရည်ကို ထိခိုက်စေမှာဖြစ်ပါတယ်” ဟု အမေရိကန်စစ်တပ်မှ ဗိုလ်မှူး ဂျွန်ရက်ဂျ်ဘီးက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
 
Source: Aljazeera
 
#အယ်လ်ကိုင်းဒါး
#ဆီးရီးယား
#မောင်းသူမဲ့လေယာဉ်
#အမေရိကန်စစ်ရေးဗဟိုဌာနချုပ်
#အကြီးတန်းခေါင်းဆောင်
#အီရတ
#ဒရုန်း
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1831-2021-10-23-07-35-53