CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁
 
မြန်မာ့မျှစ်‌ခြောက်များကို ပြည်ပနိုင်ငံအချို့မှ စမ်းသပ်အသုံးပြုချင်သည့်အတွက် မှာယူကြရာမှ ပြီးခဲ့သည့် နှစ်ကထက် ပြည်ပဝယ်လိုအား များလာသော်လည်း ပြည်တွင်း ထုတ်လုပ်နိုင်မှုနှင့် မျှတမှုမရှိကြောင်း မျှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
 
မျှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သည့် မနန်းခင်အုံးက “ပြည်ပဝယ်လိုအားကတော့ ဗမာပြည်အတွက်က များပေမယ့် ပြည်တွင်းအနေနဲ့ မလုပ်ပေးနိုင်တာပေါ့။ လက်ရှိဈေးကွက်လည်းရှိတယ်။ ဒါပေမယ့် ကျမတို့က မပို့နိုင်တာပေါ့။ တကယ်တမ်း Demand(ဝယ်လိုအား)က ရှိပြီးတော့ ကျမတို့ မပို့နိုင်တဲ့အနေအထားပေါ့။ ထိုင်ဝမ်တွေမှာ စိုက်ခင်းတွေနဲ့ လုပ်ကြတယ်။ အခုဆို ဗီယက်နမ်၊ ထိုင်းရောပေါ့။ သူများတွေက စိုက်ခင်းနဲ့သွားကြတာ။ ကျမတို့က စိုက်ခင်းနဲ့မဟုတ်ဘဲ သဘာဝမျှစ်ထွက်ကနေလုပ်တော့ လိုသလောက် ကုန်ကြမ်းကမရဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
 
#မျှစ်ခြောက်
#ပြည်တွင်း
#ပြည်ပနိုင်ငံ
#မျှစ်စိမ်း
#ဝါးစိမ်း
#ဝါးလုပ်ငန်း
#အရှေ့တောင်အာရှ
#ဝါးအမျိုးအစား
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1795-2021-10-21-07-36-54