CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်)မှာတော့ မြန်မာ့ဒီမိုကရေစီပြန်လည် ထွန်းကားလာရေး ဆောင်ရွက်ရာမှာ ဖိအားပေး ဆောင်ရွက်နေမှုတွေက တရုတ်နှင့်ရုရှားဆီ တွန်းပို့သလိုဖြစ်နေသလားဆိုတာ ပြန်စဉ်းစား အဖြေရှာကြဖို့လိုတယ်လို့ ဦးခွန်ဆိုင်းက ပြောဆိုလိုက်တဲ့သတင်း ၊ အာဖဂန်မှ တာလီဘန်များနဲ့ အိမ်နီးချင်းနိုင်ငံအသီးသီးမှ အကြီးတန်း ကိုယ်စားလှယ်များ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ရုရှက ကျင်းပပေးခဲ့ပြီး အားလုံးပါဝင်တဲ့ အစိုးရဖြစ်လာရေးကို တောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးပါမယ်။
- နိုင်ငံတကာက မြန်မာကို တရုတ်နှင့်ရုရှားဆီ တွန်းပို့နေသလားဟု ဦးခွန်းဆိုင်ပြော
- ချင်းပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ နှစ်သောင်းကျော်ရှိလာ
- ပြည်ပမှ မျှစ်ခြောက် ဝယ်လိုအားများနေသော်လည်း ပြည်တွင်းမှ မထုတ်လုပ်နိုင်
- ရုရှားက အာဖဂန်ဆွေးနွေးပွဲ ကျင်းပပေးပြီး အားလုံးပါဝင်သော အစိုးရဖြစ်လာရေး တောင်းဆို
- ရွှေ့ပြောင်းလာသူများကို တားဆီးရေး ပိုလန်နယ်စပ်တွင် ပူးတွဲကင်းလှည့်ရန် ဂျာမနီကမ်းလှမ်း
- အိန္ဒိယနှင့်နီပေါတွင် ရေကြီး၊ မြေပြို၍ လူ ၁၅၀ ကျော်သေဆုံး
- ရှာရွက်ခမ်း၏သားဖြစ်သူ မူးယစ်ဆေးအမှု အာမခံပယ်ချခံရ စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent