CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၁၈ ရက်)မှာတော့ CRPH နဲ့ NUG တို့ရဲ့ တိုက်ခိုက်မှုများကို အာဆီယံက ထိန်းသိမ်းပေးရန်လိုတယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုလိုက်တဲ့သတင်း ၊ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီး စစ်သင်္ဘောတွေ စေလွှတ်ခဲ့ခြင်းအပေါ် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ကို တရုတ်က ပြစ်တင်ရှုတ်ချလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းများကို တင်ဆက်ပေးပါမယ်။
- CRPH နှင့် NUG ၏ တိုက်ခိုက်မှုများကို အာဆီယံက ထိန်းသိမ်းပေးရန်လိုသည်ဟု နစကဥက္ကဋ္ဌပြော
- မွန်ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်းမရှိဟု ဆို
- ရွှေစျေးနှုန်း ထိန်းရန် Gold Paper အား ဘဏ်မှတစ်ဆင့် ရောင်းချရန် စီစဥ်
- ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်း ပိတ်ထား၊ ပလက်ဝတွင် ကုန်စည်ပြတ်တောက်နိုင်
- ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောစေလွှတ်သည့် အမေရိကန်နှင့်ကနေဒါကို တရုတ်ပြစ်တင်ရှုတ်ချ
- ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်သတ်မှတ်ပေးမည်ဟု စပိန်ဝန်ကြီးချုပ် ကတိပြု
- စင်ကာပူအမျိုးသမီး ၆၀ ရာခိုင်နှုန်းနီးပါး လိင်စွမ်းဆောင်ရည်ကျဆင်းနေဟုဆို စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent