CNI International News
သီရိနာဂါ၊ အောက်တိုဘာ ၁၇
အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် အောက်တိုဘာ ၁၆ ရက်၊ ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ ရာ အကြမ်းဖက်သမားများက ဒေသခံမဟုတ်သော အလုပ်သမားနှစ်ဦးကို ပစ်သတ်ခဲ့သလို ထိုမတိုင်မီ ရက်ပိုင်းကလည်း ယင်းဒေသ၌ စစ် သား ၆ ဦး တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် အေပီက သတင်းဖော်ပြသည်။
အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော စစ်သွေးကြွများသည် ကက်ရှ်မီးယားတွင် လှုပ်ရှားနေကြဆဲဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်က ကက်ရှ်မီးယားဒေသရှိ အထင် ကရမြို့ကြီးနှင့် တောင်ပိုင်းကျေးရွာများအတွင်း စီးနင်း ဝင်ရောက် ခဲ့ကြသဖြင့် ၎င်းတို့၏ လုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားသည်။
Source: AP
#အိန္ဒိယ
#ကက်ရှ်မီးယားဒေသ
#သီရိနာဂါမြို့
#ပါဝါမာခရိုင်
#စစ်သွေးကြွ
#အကြမ်းဖက်တိုက်ခိုက်
#စစ်သား
#အလုပ်သမား
#သေဆုံး
#ပစ်ခတ်မှု
#စစ်ရေး
#နိုင်ငံရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1719-2021-10-17-07-39-51