CNI Interview
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆
 
အာဆီယံထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားရန် ပြင်ဆင်လျက်ရှိ ရာ အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ရန် အဖွဲ့ဝင်နိုင်ငံများကြား ဆုံးဖြတ်ခဲ့ကြသည်။
 
ထို့ကြောင့် အာဆီယံပဋိညာဉ်တွင် အားလုံးဘုံသဘောတူညီမှု ရရှိမှသာလျှင် အကြောင်းအရာတစ်ခုကို ဆုံးဖြတ်နိုင်သည်ဆိုသော သဘောတူညီချက်ဖြင့် မကိုက်ညီသည့်အတွက် အငြင်းပွားစရာများဖြစ်လာနေ ကြောင်း သုံးသပ်မှုများရှိနေကြသည်။
 
အဆိုပါ အခြေအနေများကနေ သံတမန်ရေး တင်းမာမှုများ ဖြစ်ပေါ်လာပါက နစကကလည်း အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်သည့် အခြေအနေများရှိလာနိုင်ကြောင်းလည်း သုံးသပ်နေကြသလို ယခုနှစ်ကုန်ပါက လက်ရှိ ဘရူနိုင်းနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုသက်တမ်းပြည့်၍ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူရမည်ဖြစ်သည်။
 
ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ကာလတွင် တရုတ်နိုင်ငံ၏ ဖိအားသည် ကမ္ဘောဒီးယားနိုင်ငံသံတမန်ကနေ တဆင့် ရောက်လာနိုင်သည်ဟု လည်း သုံးသပ်နေကြသည်။
 
ထိုအခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။
 
#နစက #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #အာဆီယံ #အာဆီယံအစည်းအဝေး #မဖိတ်ရန်ဆုံးဖြတ် #သံတမန်ဆက်ဆံရေး #တင်းမာလာနိုင် #အာဆီယံအဖွဲ့ဝင် #နှုတ်ထွက်မှုများရှိလာနိုင် #အင်တာဗျူး #နိုင်ငံရေး #CNImyanmar #cninews #ChannelNewsIndependent