CNI International News
နယူးယောက်၊ အောက်တိုဘာ ၁၅
နစက၏သံတမန်ကို အသိအမှတ်ပြုသည့် သဘောသက်ရောက်သွားမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် အာဆီယံ အာဆီယံဝန်ကြီးများနှင့် ကျင်းပမည့် virtual အစည်းအဝေးကို ရွှေ့ဆိုင်းရန် ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရတ်စ် က တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂသံတမန်များက ပြောကြားသည်။
နစကမှ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တို့ သောကြာနေ့မှာ တွေ့ဆုံမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြသည်။
Source: Aljazeera, Reuters
#အာဆီယံ
#ကုလ
#အစည်းအဝေး
#ရွှေ့ဆိုင်းရန်
#အန်တိုနီယိုဂူတာရတ်စ်
#နစက
#သံတမန်
#နိုင်ငံတကာသတင်း
#နိုင်ငံရေး
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1683-un-5