CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅
 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၁၄ ဦး၏ အမှုများကို ပိတ်သိမ်းလိုက်ကြောင်း နစက ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နစကဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်း တရား ရုံး အသီးသီးတွင် တရားစွဲဆိုထားဆဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုမှ ပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၉)အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။
 
TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က "ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လူ ပါမပါတော့ မသိရသေးဘူး။ သေချာပြန်စိစစ်ပြီးမှ ပြောနိုင်မယ်။ဘယ်သူတွေလည်းဆိုတာ ကျနော်တို့လည်း မသိရသေးဘူး၊ သူတို့လွတ်တာ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တချို့ဟာတွေတော့ သူတို့က ကျနော်တို့ အဖွဲ့ဝင်မဟုတ်ဘဲနဲ့ မတရားစွပ်စွဲပြီးတော့ ဖမ်းဆီးထောင်ချထားတာတွေလည်းရှိတယ်။ တချို့ဟာတွေတော့ ကျနော်တို့ တပ်သားတွေ ဖမ်းမိတာတွေတော့ ရှိတာပေါ့။ အဲထဲမှာ ဘယ်သူတွေပါလဲ ကျနော်လည်း မသိဘူး။ ဘယ်သူဖြစ်ဖြစ်ပေါ့ တချို့ဟာတွေတော့ မဟုတ်ဘဲနဲ့ ဖမ်းဆီးထောင်ချတာတွေတော့ ရှိတယ်။
ဘယ်လိုပြောပြော သူတို့ရဲ့ လက်နက်သဖွယ်ဘဲ ပြည်သူလူထုကို ဖမ်းဆီး ခြိမ်းခြောက်ထောင်ချတာ နေ့စဉ်လိုပဲ ဖမ်းဆီးတာရှိတယ်။ ဒီလွတ်မြောက်တဲ့ လူတွေအတွက်တော့ ဝမ်းသာစရာကြီးပါ"ဟု CNI သတင်းဌာနသို့ ပြောသည်။
 
#နစက
#တိုင်းရင်းသားလက်နက်ကိုင်
#ဖမ်းဆီးတရားစွဲခံရသူ
#အမှုရုပ်သိမ်းပေး
#၁၁၄ဦး
#စစ်ရေး
#မှုခင်း
#ငြိမ်းချမ်းရေး
#ပြည်တွင်းသတင်း
#CNIMYANMAR
#CNINEWS
#CHANNELNEWSINDEPENDENT
 
Website တွင်ဖတ်ရှုရန်---https://cnimyanmar.com/index.php/all/peace-site/1670-2021-10-15-04-07-51