CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃
 
၃ လခန့်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်ဖွင့်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ကောင်စီက ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်အကြာင်းကြားထားပြီး အစည်းအဝေးတစ်ရပ်ကိုလည်း ခေါ်ယူထားသည်ဟု သိရသည်။
 
ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က “အတည်ပြုလို့တော့ ရပါတယ်။ ကျနော်တို့ ကြားရတဲ့သတင်းကတော့ အတည်ပြုလို့ ရပါတယ်။ ဒါပေမယ့် အခုခေါ်တာကတော့ ဘယ်လိုလုပ်မယ်ဆိုတာ၊ ကိုဗစ် ၁၉ စည်းမျဉ်းနဲ့ အစီအမံတွေချမှာနဲ့ ဘယ်လိုထိန်းချုပ်မလဲ၊ ဘယ်လိုကာကွယ်မယ်၊ သွားရမယ်ဆိုတဲ့ဟာမျိုးတွေ ပြောမယ်ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
 
#ရခိုင်ပြည်နယ်
# နယ်စပ်ကုန်သွယ်ရေး
# ဘင်္ဂလားဒေ့ရှ်နိုင်ငံ
#စီးပွားရေးဇုန်
#ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်
#မောင်တော
#ဥက္ကဌ ဦးအောင်မြင့်သိန်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1640-2021-10-13-07-24-07