CNI News
 
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၁
 
ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များမှ ပြန်လည်ရရှိလာမည့် ငွေ(ဒေါ်လာ)များကို သတ်မှတ်ကာလအတွင်း AD လိုင်စင်ရ ဘဏ်များသို့ လာရောက်အပ်နှံခြင်းနှင့် ရောင်းချခြင်းမရှိဘဲ ပြင်ပသို့ ရောင်းချ (သို့မဟုတ်) သိမ်းဆည်းထားပါက ထို ကုမ္ပဏီများကို တရားစွဲ အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များမှ ရငွေ(ဒေါ်လာ)များကို ရက်ပေါင်း (၃၀) အတွင်း AD လိုင်စင်ရဘဏ်များသို့ မပျက်မကွက် ရောင်းချရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ အဝင်/အထွက် စားရင်းများအား အခြေခံ၍ မလိုလားအပ်သော လွှဲပြောင်းပေးချေ မှုများအား စိစစ်ခြင်း၊ ဘဏ်များအနေဖြင့် အချက်အလက်များအား စည်းကမ်းနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်း၊ ပို့ကုန်ရငွေ အား ရက်(၃၀)ထက် မကျော်လွန်ရန် စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။
 
#မြန်မာနိုင်ငံဗဟိုဘဏ်
#ဒေါ်လာ
#ပို့ကုန်သွင်းကုန်
#ပြည်ပပို့ကုန်
#Export
#ADလိုင်စင်ရဘဏ်များ
#ရောင်းချရမည်
#မရောင်းပါက
#အရေးယူမည
#စီးပွားရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1602-ad