CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉
 
အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖိတ်ကြားခြင်း မရှိခဲ့ပါက အာဆီယံ အနေဖြင့် ၎င်းတို့ တည်‌ထောင်ထားသည့် ရည်ရွယ် ချက် ပဋိညာဉ်များ ပျက်စီးသွားနိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာ ရေးအဖွဲ့မှ ဒါရိုက်တာတစ်ဉီးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။
 
အာဆီယံထိပ်သီး အစည်းအဝေးကို လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နစက ဥက္ကဋ္ဌကို မဖိတ်ကြားရန် အဖွဲ့ဝင် နိုင်ငံများကြား ဆွေးနွေးမှုများ ပြုလုပ်နေသည်။
 
ဦးသိန်းထွန်းဦးက “ဖိတ်ကြားခြင်း မဖိတ်ကြားခြင်းထက် ဒါဟာ အာဆီယံအဖွဲ့ဝင် တစ်ယောက်အနေနဲ့ လုပ်ထုံး လုပ်နည်း အရ ဘယ်လိုပဲ ပြောပြော၊ နစက ဥက္ကဋ္ဌကတော့ ဖိတ်ကြားရမှာပဲ။ မဖိတ်ကြားဘူးဆိုရင် အာဆီယံရဲ့ သူတို့တည်ထောင် ထားတဲ့ ရည်ရွယ်ထားတဲ့ ပဋိညာဉ်တွေ ပျက်စီးသွားနိုင်တယ်။ နောက်တစ်ချက် အာဆီယံအဖွဲ့အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး ရေရှည် ဖြစ်လာမယ့် ပြဿနာတွေကို နည်းနည်းညှိနှိုင်းမှု ခဲယဉ်းသွားတဲ့ အဖြစ်မျိုး၊ အာဆီယံရဲ့ စည်းလုံးမှုကို နည်းနည်း လေး ထိခိုက်သွားနိုင်တာမျိုး ရှိတယ်။” ဟု ပြောသည်။
 
#အာဆီယံ
#ထိပ်သီးအစည်းအဝေး
#နစက
#ဉီးသိန်းထွန်းဉီး
#ဉီးရဲထွန်း
#အာဆီယံသဘောတူညီချက်
#အာဆီယံပဋိဉာဉ
#မဖိတ်ကြားရန်
#မဖိတ်ရင်ပဋိဉာဉ်ပျက်နိုင်
#သံတမန်ဆက်ဆံရေး
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews #ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1570-2021-10-09-08-36-31