CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ချင်းရွှေဟော်ဂိတ်အား ယနေ့(အောက်တိုဘာ ၆ ရက်)မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းမှလွဲ၍ ကျန်ကုန်များတင်သွင်းခွင့်မပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံဒေသအသီးသီးကထွက်ရှိသည့် ဆန်၊ ပြောင်း၊ ကြံ၊ ပဲ စသည့် စိုက်ပျိုးထုတ်ကုန်များအား တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချနေသည့်အတွက် ထိုဂိတ်အား ဒီဇင်ဘာလ (ကြံခုတ်ရာသီ)အထိ ပိတ်မည်ဆိုပါက ကြံစိုက်တောင်သူများအတွက် ဆုံးရှုံးမှုများရှိနိုင်ကြောင်း သိရသည်။
#ချင်းရွှေဟော်
#ကြံ
#သကြား
#ကြံထွက်ပစ္စည်း
#တရုတ်-မြန်မာ
#ကြံစိုက်တောင်သူ
#ကြံတန်ချိန်
#ကိုဗစ်
#နယ်စပ်ဂိတ်
#စီးပွားရေး
#cninews
#CNIMyanmar
#ChannelNewsIndepdepent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1513-2021-10-06-07-10-41