CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၆ ရက်)မှာတော့ ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ နာမည်အမျိုးမျိုးကွဲပြားနေပေမယ့်လည်း မြေပြင် တိုက်ပွဲတွေမှာ ပူးပေါင်းလုပ်ဆောင်ကြတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောဆိုလိုက်တဲ့ သတင်း ၊ မြန်မာနိုင်ငံအတွက် အာဆီယံက သဘောတူညီထားတဲ့ အချက် ၅ ချက် အလုပ်မဖြစ်ပါက မိမိဘာသာ မြန်မာကိုဆက်သွယ်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းများကို တင်ဆက်ပေးပါမယ်။


- နာမည်ကွဲသွားသော်လည်း တိုက်ပွဲတိုင်း ပူးပေါင်းလုပ်ဆောင်နေဟု ဒီးမော့ဆို PDF ပြော

- ချင်းရွှေဟော်ဂိတ် ဒီဇင်ဘာအထိပိတ်ပါက ကြံစိုက်တောင်သူများ အခက်အခဲဖြစ်နိုင်

- အာဆီယံသဘောတူညီချက် အလုပ်မဖြစ်ရင် မိမိဘာသာ မြန်မာကိုဆက်သွယ်မည်ဟု မလေးရှားပြော

- တယ်လီနောမြန်မာကို ဝယ်ယူသည့် လက်ဘနွန်ဝန်ကြီးချုပ် ပိုင်ဆိုင်မှုကိစ္စဖြေရှင်းနေရ

- တရုတ်နှင့် စစ်ရေးတင်းမာမှု ဆယ်စုနှစ် ၄ ခုအတွင်း အဆိုးဆုံးဖြစ်လာဟု ထိုင်ဝမ်ပြော

- ဟာဇာရာမျိုးနွယ်စုဝင် ၁၃ ဦးကို တာလီဘန်တို့သတ်ဖြတ် စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။

 

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw

CNI Telegram Channel---https://t.me/ChannelNewsIndependent