CNI International News
 
ဆိုးလ်၊အောက်တိုဘာ ၅
 
တောင် နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော်သည့် အရေးပေါ်တယ်လီဖုန်း (hotline) ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး နှစ်ဘက်အစိုးရတာဝန်ရှိသူအချင်းချင်း ဩဂုတ်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ဖုန်းခေါ်ဆိုခဲ့ကြကြောင်း ဆိုးလ်က ထုတ်ဖော်ပြောကြားသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားထားသည်။
 
ပြုံယမ်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းက ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ နိုင်ငံတကာစိုးရိမ်မှုများ ပေါ်ပေါက်လာကာ နောက်ရက်အနည်းအကြာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရသည်။
 
Source: Aljazeera
 
#မြောက်ကိုရီးယား
#တောင်ကိုရီးယား
#ဆက်သွယ်ရေးလမ်းကြောင်း
#ပြုံယမ်း
#နယ်စပ်ဖြတ်ကျော်
#အရေးပေါ်တယ်လီဖုန်း
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1498-2021-10-05-07-07-00