CNI International News
မင့်စ်ခ် (ဘီလာရုစ်)၊ အောက်တိုဘာ ၃
အစိုးရဘက်မှ KGB လုံခြုံရေးအရာရှိတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အတွက် လူ ၁၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဘီလာရုစ်နိုင်ငံမှ အထင်ရှားဆုံး လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့သည့် ဗီယာစနာအဖွဲ့က အောက်တိုဘာလ ၂ ရက်တွင် ပြော ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် ဗီယာစနာ(Viasna) အဖွဲ့က “ယခုဖမ်းဆီးမှုသည် မြို့တော်မင်ဆက်နှင့် အခြားမြို့ကြီး ၇ မြို့တို့တွင် ဖြစ်ပြီး လက်ဝဲအတိုက်အခံ အသတ်ခံရခြင်းအပေါ် လူမှုကွန်ရက်များတွင် သဘောထား မှတ်ချက် (Comments) များ ပေးကြခြင်းနှင့် ဆက်စပ်နေပုံရကြောင်း” ဆိုသည်။
Source: AP, Aljazeera
#ဘီလာရုစ်
#KGB
#အလက်ဇန္ဒားလူကာရှန်ကို
#အရာရှိတစ်ဉီးသတ်ခံရ
#လူ၁၀၀ဖမ်းထား
#နိုင်ငံရေး
#ပစ်ခတ်မှု
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1469-kgb