CNI News
၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ လိပ်ထိန်းသိမ်းရေးဇုန်တွင် ပထမဆုံးအကြိမ်အဖြစ် လိပ်ဥ ၁၂၀ မှ ၁၅၀ ကြား လာရောက်ဥချခဲ့ပြီး ယခင်နှစ်ထက် ဥရေ ပိုများနိုင်ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲမှုအသင်း (KIFCA) အဖွဲ့မှ သိရသည်။
ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ် လိပ်ဥချိန်တွင် ဥရေ ၈၀ ကျော်သာ ရှိခဲ့ကြောင်း၊ ထိုလိပ်ဥများ ဥထားသည့် လိပ်ကျင်း တည်နေရာအား GPS ဖတ်၍ ထိန်းသိမ်းထားကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (Kyeintali Inshore Fisheries Co-management Association- KIFCA) အဖွဲ့မှ ကိုသန့်ဇင်ဦးက ရှင်းပြသည်။
#ရခိုင်ပြည်နယ်
#ဂွမြို့နယ်
#ကျိန္တလီကမ်းခြေ
#လိပ်ဉ
#ထိန်းသိမ်းရေးဇုန်
#လိပ်ဉချ
#လိပ်ဉများနိုင်
#ပင်လယ်ကမ်းခြေ
#သဘာဝပတ်ဝန်းကျင်
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1425-2021-09-30-06-52-24