CNI International News
 
ဆိုးလ်၊စက်တင်ဘာ ၂၉
 
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်းကို စက်တင်ဘာ ၂၈ ရက်က ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း ပြုံယမ်း၏ ကုလသမဂ္ဂ သံအမတ်က ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် လက်နက်စမ်းသပ်ပိုင်ခွင့်ကို ငြင်းပယ်စရာမလိုကြောင်း အခိုင်အမာပြသခဲ့သည်။
 
ကိုရီးယားကျွန်းဆွယ်မြောက်ပိုင်းရှိ ဂျာဂန်းပြည်နယ်မှ အဆိုပါတာတိုပစ်ဒုံးကျည်များကို အရှေ့ဘက် ကမ်းလွန် ရေပြင်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ် ရေးဦးစီးချုပ်များက ပြောကြားခဲ့သည်။ ၎င်းသည် ပဲ့ထိန်းဒုံးကျည်ဖြစ်ပုံရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက အေအက်ဖ်ပီသို့ သုံးသပ်ပြသည်။
 
Source: AFP, Channel News Asia
 
#မြောက်ကိုရီးယား
#ပြုံယမ်း
#ပဲထိန်းဒုံးကျည်
#ကုလသမဂ္ဂ
#တောင်ကိုရီးယား
#ဒုံးကျည်ပစ်လွှတ်
#တာတိုပစ်ဒုံးကျည်
#နိုင်ငံခြားရေးဝန်ကြီး
#ကာကွယ်ရေးဦးစီးချုပ်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1404-2021-09-29-05-30-53