CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၉
မြန်မာနိုင်ငံတွင် ပြည်တွင်း စီးပွားရေး ကျဆင်းခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်း အပါအဝင် အခြေအနေ အမျိုးမျိုးတို့ကြောင့် အဝေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတချို့ရပ်တန့်နေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် ကုန်စည်ရှားပါးခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်နေခြင်း၊ စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ ကားနှင့် ဆက် စပ်သည့် အပိုပစ္စည်း တင်သွင်းမှုများရှားခြင်း၊ ဈေးမြင့်ခြင်း အစရှိသည့် အခြေနေအရပ်ရပ်တို့ကြောင့် အဝေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်နားထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဉီးကျင်သိန်းက ပြောသည်။
#မြန်မာနိုင်ငံပို့ဆောင်ရေးလုပ်ငန်း
#ကုန်စည်စီးဆင်းမှု
#အဝေးပြေးကုန်စည်ပို့ဆောင်ရေး
#လုပ်ငန်းများရပ်တန့်နေ
#ငွေကျပ်တန်ဖိုးကျ
#ဒေါ်လာဈေးတက်
#စီးပွားရေး
#ကုန်ဈေးနှုန်းများမြင့်တက်
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1413-2021-09-29-07-21-35