CNI International News
 
ကိုဟီမာ(နာဂလန်း)၊စက်တင်ဘာ ၂၈
 
နာဂနိုင်ငံရေး အဖြေရှာရန် အထူးအာရုံစိုက်လျက်ရှိသော အိန္ဒိယအစိုးရသည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-IM)ကို နယူးဒေလီမြို့သို့ ဖိတ်ကြားခဲ့ပြီး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နာဂလန်းပြည်နယ် ဝန်ကြီးချုပ် နီဖီအူရွိုင်ယိုက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု News18.com က ရေးသားဖော်ပြသည်။
 
နီဖီရွိုင်ယိုက “ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အေမစ်ရှားသည် မိမိနှင့် အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမတာ ဘီဆွာစာမတို့ကို နာဂအရေးဆွေးနွေးမှု၌ အထောက်အကူ ပြုရန် တာဝန်ပေး ကြောင်း၊ နာဂအုပ်စုများ အဖြေတစ်ခုအတွက် နားလည်မှုရရှိအောင် လာရောက်ဆွေးနွေးစေရေး တာဝန်ပေကြောင်း”ဟု သတင်းထောက်များကို ပြောခဲ့သည်။
 
Source: news18.com
 
#နာဂအရေး
#နယူးဒေလီ
#အာရ်အင်န်ရာဘီ(RN Ravi)
#နီဖီရွိုင်ယို
#ဝန်ကြီးချုပ်
#နာဂလန်းပြည်နယ်
#နာဂနိုင်ငံရေးပြဿနာ
#ဒီမာပူရ်မြို့
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1401-nscn-im-2