CNI News
 
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈
 
မြန်မာနိုင်ငံ၏ ဒေသတချို့တွင် မိုးစပါးများ ပေါ်လာနေသည့်တိုင် စပါးရိတ်သိမ်းချိန်တွင် စက်သုံးဆီဈေးများ မြှင့်တက်နေ သည့်အတွက် တောင်သူများသည် စိုက်ပျိုးစရိတ်နှင့်ထွက်ရှိသော စပါးမှရရှိသည့် ဈေးနှုန်းမကာမိဘဲဖြစ်၍ အရှုံးဖြင့် ရင်ဆိုင် နေရကြောင်း လယ်သမားများထံမှ သိရသည်။
 
လက်ရှိတွင် မြန်မာနိုင်ငံ၏ ဒေသတချို့မှာ စပါးပေါ်စအချိန်က ယခင်နှစ်ထက် စပါးဈေး ကျပ် ၁၀၀၀၀၀(တစ်သိန်း)ခန့် ဈေးကျခြင်း၊ စိုက်ပျိုးချိန်၌ သွင်းအားစုဈေးများနှင့် ယခုရိတ်သိမ်းချိန်မှာ စက်သုံးဆီဈေးများ မြှင့်တက်သည့်အတွက် စိုက်ပျိုး စရိတ်နှင့်ထွက်ရှိသော စပါးမှ ရရှိသည့် ဈေးနှုန်း မကာမိဘဲ ဖြစ်ကာ တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
 
#မြန်မာနိုင်ငံ
#တောင်သူ
#လယ်သမား
#စပါး
#စိုက်ပျိုးစရိတ်
#ဈေးနှုန်းကျဆင်း
#စက်သုံးဆီဈေးတက်
#အရှုံးပေါ်
#မိုးစပါး
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1397-2021-09-28-06-56-44