CNI International News
 
ပရစ်စတီနာ(ကိုဆိုဗို)၊ စက်တင်ဘာ ၂၇
 
အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်အနီးရှိ ကိုဆိုဗိုအစိုးရပိုင် မော်တော်ယာဉ်မှတ်ပုံတင်ရုံးနှစ်ရုံး တိုက်ခိုက်ခံရပြီးနောက် “ဆားဘီးယားအနေဖြင့် ပြင်းထန်သော နိုင်ငံတကာပဋိပက္ခတစ်ခုကို လှုံ့ဆော်ရန် ကြိုးစားနေ ကြောင်း” ကိုဆိုဗိုဝန်ကြီးချုပ် အယ်ဘင်ကာတီက စွပ်စွဲပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနမှာ ဖော်ပြ ထားသည်။
 
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက တင်းမာမှုများ တိုးပွားလာခဲ့ပြီး ဆလိုဗီးယားလူမျိုးများ ဦးဆောင်သော အစိုးရ ဆန့်ကျင် ရေး လှုပ်ရှားမှု ဆဋ္ဌမမြောက်အကြိမ်နှင့်လည်း တိုက်ဆိုင်နေသည်။ ဆားဘီးယားဘက်မှ လာသော မော်တော်ယာဉ်များ အနေ ဖြင့် ကိုဆိုဗိုနိုင်ငံအတွင်း ဝင်ရောက်သည့်အခါ ကိုဆိုဗိုဘက်မှ ထုတ်ပေးသည့် ယာဉ်မှတ်ပုံတင်ကတ်ပြားများ ယာယီတပ်ဆင် ထားရန် အယ်လ်ဘေးနီးယားလူမျိုးတို့ ဦးဆောင်သော ကိုဆိုဗိုအစိုးရက ဆုံးဖြတ်ခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်၍ ယင်းသို့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။
 
Source: Aljazeera
 
#ကိုဆိုဗို
#ဆားဘီးယား
#မော်တော်ယာဉ်နံပါတ်ပြား
#မော်တော်ယာဉ်မှတ်ပုံရုံး
#တိုက်ခိုက်ခံရ
#အငြင်းပွားနေ
#နိုင်ငံရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndepndent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1382-2021-09-27-08-34-22