CNI International News
 
ဝါရှင်တန် စက်တင်ဘာ ၂၆
 
ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက် က (အမေရိကန်လွှတ်တော်) ကာပီတယ်လ် Capitol အဆောက်အဦ အကြမ်းဖက်မှုဖြစ်ပွားစဉ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် သူ့လက်ထောက်များ လုပ်ဆောင်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်စုံစမ်းရေးကော်မရှင်မှ သတင်းထုတ်ပြန်ရန် အိမ်ဖြူတော်က လုပ်ဆောင်နေကြောင်း၊ ယင်းလုပ် ဆောင်ရန် ဆုံးဖြတ်ချက်သည် သမ္မတဟောင်းကို တရားဝင်ထိုးနှက်ရန်နှင့် ဘဲဥပုံရုံးခန်းအတွင်း အမှုဆောင်အရာရှိများ၏ အခွင့်ထူးဆိုင်ရာ မေးခွန်းများပေါ်ထွက်ရန် ဖြစ်ကြောင်း စီအင်န်အင်န်က သတင်းဖော်ပြသည်။
 
“သမ္မတဘိုင်ဒန်ပြောခဲ့သလိုပါပဲ။ ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်ဟာ ကျနော်တို့ နိုင်ငံသမိုင်းကို အမည်းစက်စွန်းစေခဲ့သလို သူတို့လုပ်ခဲ့တဲ့လုပ်ရပ်ဟာ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေကို ထိပါးရာရောက်ပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရသူ မိုက်ကယ်ဂွင်း (Michael Gwin) က စီအင်န်အင်န်သို့ ပြောကြားသည်။
 
Source: CNN
 
#TheWhiteHouse
#DonaldTrump
#OvalOffice
#Biden
#MichaelGwin
#Congress
#NationalArchives
#CNINews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1348-2021-09-26-05-55-38