CNI International News
 
ကဘူးလ် စက်တင်ဘာ ၂၆
 
အာဖဂန်နစ္စတန်တွင် သေဒဏ်ကွပ်မျက်ခြင်းနှင့် ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းကဲ့သို့ ပြင်းထန်သောပြစ်ဒဏ်များကို တကျော့ပြန် စတင်မည်ဖြစ်ကြောင်း တာလီဘန်တို့၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ဘာသာရေးရဲချုပ်ဟောင်းက ပြောကြားခဲ့သည်ဟု ဘီဘီစီအင်္ဂလိပ်ပိုင်းသတင်းတွင် စက်တင်ဘာ ၂၅ ရက်၌ ဖော်ပြထားသည်။
 
ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းသည် လုံခြုံရေးအတွက် လိုအပ်သည်ဟု ယခုအကျဉ်းထောင်များတာဝန်ခံ မူလာနိုရူဒင်က အေပီသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ပြစ်ဒဏ်ပေးခြင်းများသည် ၁၉၉၀ ပြည့်လွန်နှစ်များက တာလီဘန်များ အုပ်ချုပ်စဉ်က ပုံစံမျိုးမဟုတ်ဘဲ ယခုကာလ၌ လူထုရှေ့သို့ ချပြမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
 
Source: BBC, AP
 
#Afghanistan
#Taliban
#MullahNooruddinTurabi
#Herat
#AmnestyInternational
#CNINews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1351-2021-09-26-06-29-49