CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၅
ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နယူးယောက်မြို့၊ ကုလသမဂ္ဂရှိ မြန်မာကိုယ်စားပြုနေရာအတွက် အပြိုင်တောင်းဆိုနေသည့်ကြားမှ လက်ရှိ မြန်မာကိုယ်စားလှယ်အနေဖြင့် လာမည့် ရက်သတ္တပတ်၌ မိန့်ခွန်းပြောရန် အစီအစဉ်မရှိတော့ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြ သည်။
“အဲဒီအချိန်မှာ မြန်မာနိုင်ငံက ပြောခွင့်ရမှာ မဟုတ်ဘူး” ဟု ကုလသမဂ္ဂပြောရေးဆိုခွင့် ရှိသူ စတီဖင်ဒူဂျာရစ် (Stephane Dujarric)က စက်တင်ဘာ ၂၄ ရက်တွင် ဆိုသည်။
Source: Reuters, Aljazeera
#UN
#ဒေါ်အောင်ဆန်းစုကြည်
#ပြည်သူ့ကာကွယ်ရေး
#မြန်မာစစ်တပ်
#ရုရှား
#ဦးကျော်မိုးထွန်း
#အာဏာသိမ်း
#နယူးယောက်မြို့
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1343-un-4