CNI News
 
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅
 
လက်ရှိတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းနှင့် အမေရိကန်ဒေါ်လာဈေး တက်နေခြင်းတို့ကြောင့် မြန်မာ့ရွှေဈေး သည်လည်း ၁၉ သိန်းကျော်ဖြင့် စံချိန်တင် မြင့်တက်နေသည့်အတွက် မြန်မာ့ရွှေဈေးကွက် အတက်ပိုင်းမှာသာ ဆက်ရှိနေ မည်ဟု မြန်မာ့ရွှေလုပ်ငန်းရှင်များထံက သိရသည်။
 
မြန်မာနိုင်ငံတွင် လက်ရှိမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ်ငွေ ၂၁၀၀ ကျပ်ထိ ဈေးမြင့်တက်နေခြင်းကြောင့် မြန်မာ့ရွှေဈေးမှာလည်း ယမန့်(စက်တင်ဘာ ၂၄ ရက်)နေ့က ကျပ် ၁,၉၃၀,၀၀၀ (တစ်ဆယ့် ကိုးသိန်း သုံးသောင်းကျပ်) ကျော် ဖြင့် ဈေးပိတ်ခဲ့သည်။ လက်ရှိတွင်လည်း မြန်မာ့ရွှေဈေးမှာ ကျပ် ၁၉ သိန်း(တစ်ဆယ့်ကိုးသိန်းကျပ်)အကျော်တွင်သာ ဆက်ရှိ နေမည်ဟု မြန်မာ့ရွှေ လုပ်ငန်းရှင်များက ပြောသည်။
 
#မြန်မာ့ရွှေးဈေး
#ရွှေဈေးကွက်
#မြင့်တက်နေဆဲ
#၁၉သိန်းကျော်ပေါက်
#မြန်မာငွေတန်ဖိုးကျ
#ဒေါ်လာဈေးတက်
#ရွှေရှားပါး
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-business/1338-2021-09-25-07-23-23