CNI International News
 
နယူးယောက်၊ စက်တင်ဘာ ၂၄
 
သံသယဖြစ်ဖွယ် အခွန်ကိစ္စများတွင် ဒေါ်နယ်ထရမ့် ပါဝင်ပတ်သက်သည်ဟု ၂၀၁၈ ခုနှစ်က စွပ်စွဲ ရေးသား ထားသည့် ဆောင်းပါးဖော်ပြခဲ့၍ တူမဖြစ်သူနှင့်နယူးယောက်တိုင်းမ်သတင်းစာကို ၎င်းက တရားစွဲလိုက်ကြောင်း ဘီဘီစီအင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။
 
စက်တင်ဘာ ၂၁ ရက်က နယူးယောက်တိုင်းမ်သတင်းထောက်များဖြစ်ကြသည့် စူဆန်နေခရိုက်၊ ဒေးဗစ်ဘာစတိုး နှင့် ရပ်ဆဲလ်ဘတ်တနာတို့ကို ထရမ့်၏တူမဖြစ်သူနှင့် အဆက်အသွယ်လုပ်ခြင်း၊ ၎င်းကို ဆန့်ကျင်ရေးသားခြင်း တို့ဖြင့် ဒေါ်နယ်ထရမ့်ဘက်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
 
Source: BBC
 
#ဒေါ်နယ်ထရမ့်
#နယူးယောက်တိုင်းမ်
#သတင်းစာ
#အခွန်ကိစ္စ
#တူမ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1325-2021-09-24-09-28-03