CNI International News
 
ဂျနီဗာ၊စက်တင်ဘာ ၂၄
 
မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးအောက်၌ လူ့အခွင့်အရေးအခြေအနေဆိုးဝါးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချယ်ဘက်ချက်လက်က သတိပေးလိုက်ပြီး ပြည်တွင်းပဋိပက္ခ ပိုမို မဆိုး လာအောင် အရေးယူလုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။
 
“နိုင်ငံရဲ့နောက်ဆက်တွဲအခြေအနေတွေက ဆိုးရွားပြီး ကြေကွဲစရာပါ။ ဒေသတွင်းအကျိုး ဆက်တွေကိုလည်း သက်ရောက်နိုင်တယ်” ဟု စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် မီချယ်ဘက်ချက်လက်က ပြောကြားထားသည်။
 
Source: Aljazeera
 
#UN
#မြန်မာ
#အကြမ်းဖက်မှု
#တိုက်ခိုက်မှု
#ပြည်တွင်းပဋိပက္ခ
#အာဏာသိမ်း
#စစ်တပ်
#ကုလသမဂ္ဂ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1328-2021-09-24-10-11-11