CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို များစွာကျခံသုံးစွဲနေရပြီး ဒီဇယ်ဆီများအား ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် များစွာသုံးစွဲနေရခြင်းကြောင့် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သုံးစွဲခြင်းနှင့် လျှပ်စစ်ရထားလမ်း များ တိုးချဲ့ခြင်းဖြင့် လောင်စာကုန်ကျမှုကို လျှော့ချရမည်ဟု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့ရာ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
#လျှပ်စစ်ကား
#လျှပ်စစ်ရထားလမ်း
#ထုတ်လုပ်ခြင်း
#တိုးချဲ့ခြင်း
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#နစက
#အမျိုးသားစီမံကိန်း
#စီးပွားရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-business/1311-2021-09-23-08-00-15