CNI International News
မနီလာ၊ စက်တင်ဘာ ၂၃
ဖိလစ်ပိုင်လက်ဝှေ့သမားအဖြစ်မှ နိုင်ငံရေးဘက်သို့ကူးပြောင်းလာသူ မန်နီပက်ကွီအိုသည် ၂၀၂၂ ဖိလစ်ပိုင် ရွေး ကောက်ပွဲတွင် သမ္မတရာထူးနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မကြာသေးခင်က ကြေညာခဲ့ပြီး ကမ္ဘာကျော် အထိုးအသတ်ချန်ပီယံတစ်ဦးအနေဖြင့် တိုင်းပြည်၏ထိပ်ဆုံးနေရာအတွက် ကြိုးစားခြင်းအပေါ် ထင်မြင်ချက် များစွာလည်း ပေါ်ထွက်လာခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။ 
၎င်းသည် လက်ရှိအာဏာရပါတီမှ သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် ယှဉ်ပြိုင်အရွေးခံချယ်ရန် အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်၍ “အခုအချိန်မှာ ခေါင်းဆောင်နေရာ စိန်ခေါ်မှုအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပက်ကွီအိုက ပြောသည်။ 
Source: AFP 
#ဖိလစ်ပိုင်
#ဒူတာတေး
#သမ္မတ
#ပက်ကွီအို
#လက်ဝှေ့သမား
#ရွေးကောက်ပွဲ
#cninews
#CNIMyanmar
#ChannelNewsIndependent
Website ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1312-2021-09-23-08-27-09
 
	    	  	
	    	       
	    
	  	   
		
