CNI International News
 
ဒီမာပူရ် (နာဂလန်း)၊ စက်တင်ဘာ ၂၂
 
မကြာသေးမီက အိန္ဒိယဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)ကနေ ခွဲထွက်လာသည့် ခွဲထွက်ခေါင်းဆောင် နီကီဆူမီ (Niki Sumi)က နာဂနိုင်ငံရေး ပြဿနာအတွက် “အားလုံးပါဝင်သည့် အဖြေတစ်ခု” (one inclusive solution) ရှိသင့်ကြောင်း စက်တင်ဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း eastmojo.com က ရေးသားထားသည်။
 
ဒီမာပူရ်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နီကီဆူမီက အိန္ဒိယဗဟိုအစိုးရနှင့် စားပွဲဝိုင်းထိုင် ညှိနှိုင်းသည့် နာဂ အဖွဲ့ အစည်း အားလုံးသည် နာဂလူမျိုးအားလုံး ၏ဆန္ဒပင် ဖြစ်ကြောင်း၊ နာဂလန်းအစိုးရနှင့် ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့ အစည်း များသည် နာဂအုပ်စုများအတွက် ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် ပြဿနာအပေါ် အဆင်ပြေချောမွေ့စေမည့် နည်းလမ်း တစ်ခုကို ရှာဖွေရန် တောင်းဆိုခဲ့သည်။
 
Source: eastmojo.com
 
#နီကီဆူမီ
#NSCN
#ခွဲထွက်အဖွဲ့
#နာဂအရေး
#အဖြေရှာ
#ငြိမ်းချမ်းရေး
#အိန္ဒိယ
#ဒီမာပူရ်မြို့
#သတင်းစာရှင်းလင်းပွဲ
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1289-nscn-k-2