CNI International News
 
အမ်မန်၊ စက်တင်ဘာ ၂၂
 
ပြီးခဲ့သည့် ၁၀ နှစ်ခန့်က နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသ တည် ငြိမ် အေးချမ်းရေး ဆွေးနွေးရန် ဆီးရီးယား၏ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဉီးစီးချုပ်တာဝန်များကို ယူထားသူ အလီအေရွတ်နှင့် ဂျော်ဒန်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ယူဆက်ဟွန်နိုင်တီတို့ တွေ့ဆုံခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် တွေ့ရ သည်။
 
အဆိုပါတွေ့ဆုံမှုသည် စက်တင်ဘာ ၁၉ ရက်နေ့ကဖြစ်ပြီး ဂျော်ဒန်နိုင်ငံဘက်မှ ဖိတ်ကြားချက်အရ ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးနှင့်စစ်ဉီးစီးချုပ်တာဝန်များကို ယူထားသူ အလီအေရွတ်က သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားအစိုးရရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။
 
#ဆီးရီးယား
#အစ္စရေး
#ဂျော်ဒန်
#ပဋိပက္ခ
#ရုရှား
#အီရန
#တွေ့ဆုံ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1288-2021-09-22-06-43-48