CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၁
လက်နက်မှောင်ခိုတင်သွင်းမှုများ တားဆီးရန် မြန်မာနယ်စပ်တလျှောက်တွင် သတိကြီးကြီးဖြင့် စောင့်ကြည့်ကြရန် ထိုင်းလုံခြုံရေးအေဂျင်စီများကို ညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းမှာ ယနေ့(စက်တင်ဘာ ၂၁ ရက်က) ဖော်ပြထားသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချိတန်ထရာဝါနစ်က “ ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝပ်ဝမ်စူဝမ်ထံမှ ညွှန်ကြားချက်အရ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲသို့ စစ်ရေးအဆင့် လက်နက်များ မှောင်ခိုတင်သွင်းနေကြောင်း၊ တင်သွင်းသည့်နေရာများမှာ လက်ရှိ စစ်တပ်နှင့်လက်နက်ကိုင်များအကြား တင်းမာသည့် နေရာများ ဖြစ်နေကြောင်း” ပြော သည်။
Source: Bangkok Post
#ထိုင်း
#ဒုတိယဝန်ကြီးချုပ်
#ပရာဝပ်ဝမ်စူဝမ်
#ထိုင်းကာကွယ်ရေး၀န်ကြီးဌာန
#မြန်မာနယ်စပ်
#တလျှောက်
#လက်နက်မှောင်ခို
#တားဆီးရန်သတိပေး
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်---https://cnimyanmar.com/.../polit.../1284-2021-09-21-15-14-03
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent