CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၁၆
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် အစိုးရဆန့်ကျင်သောလူစုလူဝေးဖြစ်ပေါ်မှု အဆုံးသတ်လိုလျှင် ဆန္ဒပြလူငယ်များနှင့် စကားပြောဆိုရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက အကြံပြု ပြောကြားခဲ့သည်။
အကြမ်းဖက်မှုဖြင့် ထိုင်းနိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ဆန္ဒပြလူငယ်များနှင့် စကား ပြော ခြင်းကသာ အဖြေတစ်ခု ရမည်ဖြစ်ကြောင်း သက်ဆင်က ဆိုသည်။
“အကြမ်းဖက် လက်ရှိအခြေအနေတိုးတက်ကောင်းမွန်အောင် အထောက်အကူပြုမှာမဟုတ်ဘူး” ဟု Care အွန်လိုင်းနိုင်ငံရေးဖိုရမ်တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Source: Bangkok Post
#ထိုင်း
#ပရာယွတ်
#သက်ဆင်
#အကြမ်းဖက်မှု
#ဆန္ဒပြမှု
#ဘန်ကောက်
#အဓိကရုဏ်း
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန် --- https://cnimyanmar.com/.../polit.../1194-2021-09-17-05-40-11