CNI International News 

စင်ကာပူ စက်တင်ဘာ ၁၂

စင်ကာပူပြည်တွင်း COVID-19 ကူးစက်နှုန်း သိသာစွာတိုးလာခြင်းမှာ စိုးရိမ်စရာဖြစ်လာပြီး လာမည့်ရက်သတ္တပတ် နှစ်ပတ်မှ လေးပတ်အတွင်း ကူးစက်ခံရသူအသစ် အရေအတွက် ပိုမိုတိုးလာပြီး ပြင်းထန်စွာဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက်များပြားလာနိုင်ဖွယ်ရှိနေကြောင်း ၎င်းအစိုးရအဖွဲ့ဝင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဂန်ကင်ယောင်က စက်တင်ဘာ ၁၀ ရက်၌ ပြောကြားလိုက်သည်ဟု ‘သည်စထရိတ်တိုင်းမ်သတင်းစာ’တွင် ရေးသားဖော်ပြထားသည်။ 

ပျမ်းမျှ နေ့စဉ် COVID-19 လူနာအသစ်ဦးရေသည် ပြီးခဲ့သည့်ရက်သတ္တနှစ်ပတ်က ၇၆ ဦးရှိခဲ့ရာမှ ယခင်ရက်သတ္တပတ်အတွင်း ၂၈၈ဦး အထိ တဖန်များပြားခဲ့ကြောင်း၊ ထိုသို့ တကျော့ပြန် ပြင်းထန်လာခြင်းပြသသည့် ကိန်းဂဏန်းများကြောင့် စမ်းသပ်မှုစစ်တမ်း ထပ်မံကောက်ယူခဲ့ရပြီး လူနာအရေအတွက် မကြာမီ ၁၀၀၀ ကျော်လာမည်ဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းသည်။

 

Source: The Straits Times

 

#Covid-19

#GanKimYong

#Singapore

#LawrenceWong

#OngYeKung

#KennethMak

#CNINews

#CNIMyanmar

#ChannelNewsIndependent

 

Website တွင် ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-health/1091-covid-28