CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈

NUG အနေဖြင့် စက်တင်ဘာ ၇ ရက်က မြန်မာတစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေသတ်မှတ်ကြောင်းနှင့် အာဏာ သိမ်း စစ်တပ်ကို တိုက်ခိုက်ကြရန် ကြေညာချက်သည် စစ်ကြေညာခြင်း ဖြစ်သည့်အတွက် မိမိတို့ (ကရင်ဒေသ) ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက CNI သတင်းဌာနသို့ ပြောသည်။

NUG ၏ အရေးပေါ် သတ်မှတ်ကြောင်းနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြေညာချက် ထွက်ပေါ် လာပြီး နောက် KNU ၏ တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက NUG ၏ အမိန့်ကြေညာ ချက်စာသည် စစ်ကြေညာလိုက်သည့် အသွင်ဆောင်ခြင်းကြောင့် မိမိအနေဖြင့် လွန်စွာထိတ်လန့် စိုးရွံမိပါ ကြောင်း တစ်ဦးတည်း သဘောထား ဆန္ဒကို ထုတ်ပြန် ကြေညာခဲ့သည်။

#ပဒိုစောရွှေမောင်း
#KNU
#ဒူးပလာယာခရိုင်
#NUG
#စစ်ကြေညာ
#ကရင်ပြည်နယ်
#စစ်ရေးမလုပ်ရန်
#အရေးပေါ်ကြေညာချက်ရုပ်သိမ်းရန်
#CNImyanmar
#cninews
#ChannelNewsIndependent

Website တွင်ဖတ်ရှုရန်---https://cnimyanmar.com/.../politics-local/1012-nug-knu