CNI International News
ထရီပိုလီ၊စက်တင်ဘာ ၈
၂၀၁၁ ခုနှစ် အာရပ်နွေဦး လူထုအုံကြွမှုအတွင်း သေဆုံးခဲ့သည့် လစ်ဗျားခေါင်းဆောင်ဟောင်း မူမာကဒါဖီ၏ သားဖြစ်သူ ဆားဒီကဒါဖီကို လစ်ဗျားအာဏာပိုင်များက ထောင်မှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အသက် ၄၇ နှစ်အရွယ်ရှိ ဆားဒီးကဒါဖီသည် ထောင်မှ လွတ်လွတ်ချင်း လေယာဉ်ဖြင့် အစ္စတန်ဘူလ်မြို့သို့ ချက်ချင်းထွက်ခွာသွားကြောင်း လစ်ဗျား
အစိုးရနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသို့ စက်တင်ဘာ ၅ ရက်နေ့က ပြောကြားခဲ့သည်။
Source: Aljazeera
#မူမာကဒါဖီ
#ဆားဒီးကဒါဖီ
#အာရပ်နွေဦး
#လူထုအုံကြွမှု
#လစ်ဗျား
#အာဏာပိုင်
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/.../polit.../1028-2021-09-08-08-21-55