ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပူး ပေါင်း၍ တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်လျက်ရှိပြီး လက်နက်ကိုင် တိုက်ခိုက်မှုများပြုလုပ်သွားရန် ပြင်ဆင်လျက် ရှိသည်။သိုသော် ZRA လှုပ်ရှားသည့် ဒေသများအတွင်း တခြားသော လက်နက်ကိုင်များ လှုပ်ရှား မည်ဆိုပါက လက်ခံ မည်မဟုတ်ဘဲ ၎င်းတို အောက်ကနေသာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သင့်ကြောင်းဆိုသည်။ ထိုကြောင့် ZRA လှုပ်ရှားသည့် တီးတိန်မြိုနယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)စခန်းကို မေလ ၂၂ ရက်ကလည်းကောင်း၊ ဇွန်လ ၁၆ ရက်က လည်းကောင်း ZRA ကနောက်ထပ် လက်နက်ကိုင်တပ်ဖွဲ ရှိခြင်းကို လက်မခံသည့် အနေဖြင့် ဖျက်ဆီး ပစ်ခဲ့သလို လမ်းပေါ်က စစ်သားများကို ချောင်းပစ်တာနှင့် မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှာမဟုတ်ဘူးဆိုခြင်းအပေါ် နားလည်စေလိုကြောင်း ပြောသည်။ အဆိုပါ အခြေအနေများနှင့် ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)၏ အရှေ့ပိုင်းတိုင်းမှ ဒါရိုက်တာ ပူဇိုထန်ကို CNI News က ဆက်သွယ် မေးမြန်းထားပါသည်။
#Interview
#CNI News
#ZRA
#PDF
လမ်းပေါ်ကစစ်သားတွေကို ချောင်းပစ်တာနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှာမဟုတ်ဘူး
- By CNI
- Category: Watch TV
- Hits: 400