CNI International News

မာဆေး(ပြင်သစ်)၊စက်တင်ဘာ ၈

ကမ္ဘာ့ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ဓါတ်ငွေ့ထုတ်လွှတ်မှုနှင့်သန့်ရှင်းရေးကုန်ကျစရိတ်များသည် ၂၀၁၉ ခုနှစ် တစ်နှစ်တည်းအတွက် ဒေါ်လာ ၃ ဒသမ ၇ ထရီလီယံရှိနိုင်သည်ဟု ကမ္ဘာ့တောရိုင်းသဘာဝရန်ပုံငွေအဖွဲ့(World Wildlife Fund_WWF)က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာထဲတွင်ဆိုထားကြောင်းနှင့် ဈေးပေါသည်ဟု ယူဆရသော ထုတ်ကုန်များမှ ထွက်ရှိသည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့် စီးပွားရေး အရ ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုတို့ကို ယင်းအစီရင်ခံစာက ထောက်ပြသတိပေးထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ရေးသားထားသည်။

ပတ်ဝန်းကျင်သို့ ရုပ်ကြွင်းလောင်စာအခြေပြုသည့် ပလတ်စတစ်များ စုပုံလာသည်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တွင် သတိပေးနှိုးဆော်သံများ ကျယ်လောင်လာခဲ့ရသည်။ အသေးစားပလတ်စတစ်အမှိုက်များသည် ကမ္ဘာပေါ်ရှိ ဝေးလံခေါင်ဖျားသောနေရာများထိ ပျံ့နှံ့နှုန်း မြန်ဆန်လာသည်။

Source: Bangkok Post
#ပတ်ဝန်းကျင်ညစ်ညမ်းမှု
#ပလတ်စတစ်
#WWF
#ကမ္ဘာ့လူမှုကုန်ကျစရိတ်
#နိုင်ငံတကာ
#အိန္ဒိယ
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/all/environment/1026-gdp