CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၂

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားလာသည်နှင့်အမျှ ကူးစက်ပြန့်ပွားမှုနှင့် လူသေနှုန်းမြင့်တက် လာနေပါသည်။ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အပူတပြင်း ကြိုးပမ်းရန် လိုအပ်လာနေသော် လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေခြင်းကြောင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများလည်း လည်ပတ်ရန် အလွန်အားနည်းနေသည်။

အလားတူ စီးပွားရေး ကျပ်တည်းမှုလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေခြင်းကြောင့် အခြေခံလူတန်းစားနှင့် အလယ်အလတ် ပြည်သူလူထုမှာ ပိုမို ဒုက္ခခံစားနေကြရခြင်းကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ (Failed State) ဖြစ်သွားနိုင်သည်ဟုလည်း သုံးသပ်လျက်ရှိနေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့(ISP)မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံမေးမြန်းထားပါသည်။


#ဦးအောင်သူငြိမ်း
#ကိုဗစ်-၁၉ ရောဂါ
#ကျန်းမာရေးစနစ်ပြိုလဲ
#စီးပွားရေးကျပ်တည်း
#နိုင်ငံတကာ
#Failed State
#Exclusive Interview
#Chit Min Tun
#စစ်တပ်
#မြန်မာနိုင်ငံ
#ကျန်းမာရေးဝန်ထမ်း
#ဆရာဝန်/ဆရာဝန်မ