CNI Exclusive Interview

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၉

လက်ရှိ မြန်မာ့နိုင်ငံရေးသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရကာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။

တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးကို ဦးတည်နေခြင်းကြောင့် လက်သန်းနိုင်ငံရေး မှေးမိန်းလာပြီး လက်ညိုးတော်လှန်ရေး အားကောင်းလာသည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းကြရမည်ဟု ပြောနေသည့်တိုင် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်ကို မတက် လှမ်းနိုင်ဘဲ ဖြစ်နေသည်။

ထိုအခြေအနေမှာဘဲ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသော NUG က စက်တင်ဘာ ၇ ရက် တွင် တစ်နိုင်ငံလုံးသို့ အရေးပေါ် အခြေအနေကြေညာခဲ့သလို စစ်တပ်အာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက် ကြရန် တိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက မိမိတို့ ကရင်ဒေသကို စစ်ရေးအသုံးမပြုရန်နှင့် NUG ၏ ကြေညာချက်ကို ရုပ်သိမ်း ပေးရန် စက်တင်ဘာ ၇ ရက်မှာပဲ စာထုတ် တောင်းဆိုခဲ့သည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

#ပဒိုစောရွှေမောင်း
#KNU
#ဒူးပလာယာခရိုင်
#NUG #နစက
#စစ်တပ်
#စစ်ပွဲ
#လက်ညိုးတော်လှန်ရေး
#ဒီမိုကရေစီ
#အာဏာရှင်
#CNImyanmar
#cninews
#ChannelNewsIndependent