CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၆

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေသောကုန်ကားများအနေဖြင့် လာမည့် စက်တင်ဘာလမှသာ ထွက်ခွင့်ရ မည်ဟု ခန့်မှန်းရကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောသည်။

ဦးအောင်သက်ဦးက “လက်ရှိကတော့ အနည်းအကျဉ်း ပိတ်မိနေတာရှိမယ်။ တချို့ ပြန်လှည့်သွားတာ ရှိမယ်။ နောက် တချို့ ကတော့ မူဆယ်မှာ ဂိုဒေါင်ငှားပြီး ချထားတာ ရှိမယ်ပေါ့။ ကုန်ခြောက်ကား တချို့ပိတ်မိနေတယ်ပေါ့။ အဲ့ဒါတော့ ညှိနှိုင်းတုန်း ပဲ။ နောက်လ ၁၅ ရက် ဝန်းကျင်လောက်တော့ နည်းနည်းပဲ ဝင်လို့ရမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သေတော့ မသေချာ သေးပါဘူး။ အတိအကျကြီး စာမထွက်သေးဘူးလေ”ဟု လက်ရှိ အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။