CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
၂၀၂၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများအတွင်း ဖလော်ရီဒါပြည်နယ် မိုင်ယာမီတွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်(ဓါတ်ပုံ-AFP)

၂၀၂၄ တွင် သမ္မတရာထူးပြန်ယူဖို့ ဒေါ်နယ်ထရမ့်စီစဉ်နေ

By CNI
CNI
Category: Uncategorised
14 November 2022
Hits: 3972

CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၅ ရက် (မနက်ဖြန်) တွင် အိမ်ဖြူတော်သို့ နောက်ထပ် ကမ်းလှမ်းမှုတစ်ခု တရားဝင်စတင်မည်ဟု မျှော်လင့်ရကြောင်း AFP သတင်းကို ကိုးကားလျက် CNA သတင်း တစ်ပုဒ်တွင် တွေ့ရသည်။

၎င်းအပေါ် သစ္စာခံသူများသည် ယခုနှစ်ကြားဖြတ်ရွေးကောက်ပွဲများ၌ စွမ်းဆောင်ရည် ကျဆင်းခဲ့ရာ ထရမ့်၏ ရီပက်ဘလစ်ကန်ပါတီအတွင်း၌ အငြင်းပွားမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အသက် ၇၆ နှစ်အရွယ်ရှီ ဘီလီယံသူဌေးကြီး ထရမ့်က သမ္မတရာထူး ရရှိခဲ့ရာ အမေရိကန်နှင့် ကမ္ဘာကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

၎င်းသည် နိုဝင်ဘာ ၁၅ ရက် (မနက်ဖြန်) ည ၉ နာရီတွင် ဖလော်ရီဒါပြည်နယ်ရှိ ၎င်းပိုင်ဆိုင်သော ထည်ဝါလှသည့် နေအိမ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပရန် စီစဉ်ခဲ့သည်။

“ထရမ့်ဟာ နိုဝင်ဘာ ၁၅ ရက်ရောက်ရင် သမ္မတလောင်းအဖြစ် အရွေးခံတော့မှာဖြစ်ပါတယ်။ သူဟာ အင်မတန် ကျွမ်းကျင်ပြီး ထိရောက်တဲ့ခလုတ်ကို နှိပ်တော့မှာပါ” ဟု ၎င်း၏အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဂျက်ဆင်မေလာ (Jason Miller) က ခန့်မှန်းပြောကြားခဲ့သည်။

၎င်း၏ခြေလှမ်းကို အခြားသူများ တွက်ဆနိုင်ခြင်းမရှိသည့်နေရာတွင် နာမည်ကြီးသူ ထရမ့်သည် နောက်ဆုံး မိနစ်ပိုင်းအထိ စိတ်အပြောင်းအလဲရှိနိုင်သော်လည်း ၂၀၂၄ ခုနှစ်တွင် သမ္မတရာထူးအတွက် ထပ်မံယှဉ်ပြိုင်လိုသည့် ဆန္ဒကို လပေါင်းများစွာ သိုသိပ်စွာ ဖုံးဖိထားခဲ့သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ဝါရှင်တန်ဒီစီ၌ ကျင်းပသည့် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ပူးတွဲအစည်းအဝေးတွင် သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားခဲ့စဉ်(ဓါတ်ပုံ-Getty Images)

ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲကျင်းပ၍ ထုတ်ဖော်ကြေညာလိုခြင်းအား မကြာသေးမီအထိ ဆိုင်းငံ့ထားခဲ့ခြင်း သည် အမေရိကန်သမိုင်းအတွက် အရေးအကြီးဆုံးမိန့်ခွန်းအဖြစ် သတ်မှတ်ပြောကြားရန်ဖြစ်ကြောင်း ထရမ့်၏ အကြံပေးများက ဆော်ဩနေကြသည်။

၂၀၂၄ ခုနှစ်အတွက် အိမ်ဖြူတော် တက်နိုင်ရေး/မတက်နိုင်ရေးကိစ္စမှာ ထရမ့်အတွက် တတိယအကြိမ်မြောက် သမ္မတလောင်းမဲဆွယ်နိုင်ခြင်းအပေါ် မူတည်နေပြီး ပါတီအမည်စာရင်း တင်သွင်းနိုင်ခဲ့လျှင် ၎င်းနှင့်အတူ ရီပက်ဘလစ်ကန်များ ရေကုန်ရေခမ်း ကြိုးစားရမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားရွေးကောက်ပွဲ ဖြစ်လာမည်ဟု AFP က ဆက်လက်ရေးသားသည်။

၂၀၁၆ ခုနှစ်တုန်းကလည်း ထရမ့်နှင့် ရီပက်ဘလစ်ကန်ပါတီဝင်များသည် အိမ်ဖြူတော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး (ကွန်ဂရက်) လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်နေရာအများစုကို ထိန်းသိမ်းထားခဲ့ကြသည်။

သို့သော် ထရမ့်၏ ထေ့ငေါ့ပြောဆိုတတ်သည့် ဟန်ပန်ကြောင့် ထောက်ခံမှုကျဆင်းလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင် အောက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီဝင်များက မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံလာခဲ့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသော် လည်း ထိုစဉ်က အရေးနိမ့်ခဲ့မှုက ထရမ့်က ယနေ့ထက်တိုင် အပြင်းအထန် ငြင်းဆန်နေဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းတွင် ထရမ့်၏ပါတီဝင်များသည် လွှတ်တော်အမတ်များ စုဝေးလေ့ရှိရာ ကာပီတယ် အဆောက်အအုံ(US Capitol) ကို ဝင်ရောက်စီးနင်းခဲ့ပြီး မရှေးမနှောင်းမှာပင် ဝါရှင်တန်မြို့တော်၌ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်များအပြီး ထရမ့်သည် နိုင်ငံရေးနယ်ပယ်၌ ဆက်လက်ကျင်လည်ကျက်စားရန် ရွေးချယ်ခဲ့၍ နိုင်ငံ တဝန်း လူစုလူဝေးပွဲများ ပြုလုပ်နေခဲ့သည်။

Source: AFP, Channel News Asia

Share
Tweet
Share
Share
powered by social2s
ဒေးဗစ်မိုယက်စ်နဲ့ ဝက်စ်ဟမ်း ကစားသမားတွေကို တွေ့ရစဉ်

၄၃ နှစ်ကြာ ဆုဖလားမရတာကို အဆုံးသတ်ဖို့ ဒေးဗစ်မိုယက်စ် ပြော

By Nan Shwe Sin Htun
Nan Shwe Sin Htun
Category: Uncategorised
07 June 2023
Hits: 2515

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၇

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်က ဖီအိုရင်တီးနားအသင်းနဲ့ ကစားမယ့် ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲမှာ အသင်းအနေနဲ့ ၄၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားမရတာကို အဆုံးသတ်ဖို့ ကစားသမားတွေကို ပြောလိုက်ပါတယ်။

ဒေးဗစ်မိုယက်စ်က “ဒါက ကျနော့် နည်းပြဘဝရဲ့ အကြီးမားဆုံး အခိုက်အတန့်ပါပဲ။ ဝက်စ်ဟမ်းက ဥရောပဗိုလ်လု ပွဲ ကစားရမယ်လို့ ရာသီအစမှာ ပြောခဲ့ရင် လူတွေက ယုံမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဥရောပဗိုလ်လုပွဲကို ရောက်ရှိလာတာက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး အားလုံးကို ကျော်ဖြတ်နိုင်ဖို့က မလွယ်ကူသလို ပြိုင်ဆိုင်မှုတွေ လည်း ရှိခဲ့ပါတယ်။ ကစားသမားတိုင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး ဆုဖလား ရယူနိုင်မလားဆိုတာ ဆက်ပြီး ကြည့်ရမှာပါ”လို့ ပြောပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ၁၉၈၀ က FA ဖလား ချန်ပီယံဆုကို ရယူပြီးနောက်ပိုင်း ဆုဖလား ရယူနိုင်ခြင်း မရှိတော့ ပါဘူး။

လန်ဒန်ကလပ်ဟာ ၁၉၆၅ က Cup Winners’ Cup ရယူနိုင်ခဲ့တာက သူတို့ရဲ့ တစ်ခုတည်းသော ဥရောပအောင်မြင် မှု ဖြစ်ခဲ့ပါတယ်။

ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲအတွက် ပြင်ဆင်ထားမှုကိုတွေ့ရစဉ်

ဝက်စ်ဟမ်းအသင်းဟာ အဲဒီနောက်ပိုင်း ၁၉၇၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၅ နှစ်အကြာမှ ပထမဆုံးအကြိမ် ဥရောပဗိုလ်လုပွဲကို ပြန်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲ မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲက မေလ ၂၈ ရက်က လက်စတာအသင်းနဲ့ ပွဲဖြစ်ပြီး အဲဒီနောက်ပိုင်း ဗိုလ်လုပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းအနေနဲ့ ပြီးခဲ့တဲ့အပတ်က အနားယူချိန်နဲ့ အလုပ်အကြား ဘယ်လိုဟန်ချက်ညီအောင် လုပ် ဆောင်ခဲ့လဲဆိုပြီး နည်းပြ ဒေးဗစ်မိုယက်စ်ဟာ မေးမြန်းခြင်း ခံခဲ့ရပါသေးတယ်။

ဒေးဗစ်မိုယက်စ်က “ကျနော်တို့ဟာ ပေါ်တူဂီကို ၂ ရက်၊ ၃ ရက်လောက်ကတည်းက သွားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားပြီးပြီဖြစ်သလို မနှစ်ကဆိုရင် ပွဲ ၆၀ ကျော် ကစားခဲ့ပါတယ်။ ကျနော်တို့ ကစားခဲ့တဲ့ ပွဲတွေကြောင့် ၁၀ ရက် ကွာဟမှုက ပြဿနာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ အခုရာသီမှာလည်း ရှုံးပွဲမရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း ဆီမီးဖိုင်နယ် ရောက်ခဲ့ တာကြောင့် ကျနော်တို့ရဲ့ ဥရောပစံချိန်က အလွန်ကောင်းပါတယ်။ ဒါကို ဆက်ပြီးလုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ဖြေခဲ့ပါတယ်။

ဖီအိုရင်တီးနားနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲကို ဇွန်လ ၈ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: CNA

Hits: 2472

Seven NCA-S EAOs and the NSPNC hold informal talks on 28th March, 2023.

7 NCA signatories, NSPNC hold talks for political dialogue

By Nan Shwe Sin Htun
Nan Shwe Sin Htun
Category: Uncategorised
30 March 2023
Hits: 3590

CNI News

30 Mar 2023

To create a political climate for dialogue of all stakeholders, seven signatories to the Nationwide Ceasefire Agreement and the National Solidarity and Peace Negotiation Committee held talks.

The talks were held in Nay Pyi Taw on 28 and 29 March, 2023.

The seven NCA-S EAOs said in a statement, "At the first day of the talks, the informal negotiation team of the seven NCA-S EAOs discussed issues for creating a political dialogue of all stakeholders, the peace processes and federal basic principles."

The informal negotiation team included leader Col Sai Ngin (the RCSS), deputy leaders Daw Saw Mya Yazar Lin (the ALP) and Naing Aung Ma Ngay (the MNSP), members Col Saw Kyaw Than Htay (the DKBA), Col Saw Kyaw Nyunt (the KNU/KNLA-PC), Kyar Phu (the LDU) and Maj Khun Min Thein (the PNLO) and five assistant representatives.

Representatives of the NSPNC included Secretary Lt-Gen Win Bo Shein, member of working committee Lt-Gen Khin Zaw Oo (Retd), negotiation committee members Lt-Gen Min Naing, Lt-Gen Aye Win, U Hla Maung Shwe, Col Wunna Aung and member of the supporting team Col Aung Kyaw Tun.

Share
Tweet
Share
Share
powered by social2s

ALP ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်နေဟု ပြော

By CNI
CNI
Category: Uncategorised
05 September 2023
Hits: 1928
  • Video
Share
Tweet
Share
Share
powered by social2s

More Articles …

  1. BRICS သည် လုပ်ငန်းစဉ်များကို ချဲ့ထွင်နေဟု ရုရှားပြော
  2. Buying the remaining rice from Shwebo villages poses difficulty
  3. Can Union Steering Committee stabilize commodity prices?
  4. Can Union Steering Committee stabilize commodity prices?
  • 1
  • 2
  • 3
  • 4
  • 5

Page 1 of 5

  1. You are here:  
  2. Home
  3. ALL
  4. Articles Archived
  5. Uncategorised
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

CNI Myanmar