CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မက်ဆီကို တွေ့ရစဉ်

အာဂျင်တီးနား လက်ရွေးစင်ကနေ မကြာခင်မှာ အနားယူမယ်လို့ မက်ဆီပြော 

By Nan Shwe Sin Htun
Nan Shwe Sin Htun
Category: Uncategorised
12 July 2023
Hits: 3662

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

အင်တာမိုင်ယာမီ ကစားသမားသစ် မက်ဆီက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး မကြာခင်မှာ အာဂျင်တီးနား လက်ရွေးစင်ကနေ အနားယူတော့မယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ရိုးရိုးသားသားပြောရရင် ဘယ်အချိန်မှာ အနားယူမလဲဆိုတာ ကျနော်မသိပါဘူး။ အနားယူချင်စိတ် ဖြစ်ပေါ်လာတဲ့ အချိန်မှာ အနားယူဖို့ ဖြစ်လာမှာပါ။ မကြာသေးခင်က အရာရာ အောင်မြင်ခဲ့ပြီးနောက် လုပ်ဖို့ ကျန်ရှိနေတဲ့အရာက ပျော်ရွှင်ဖို့ပါ။ အနားယူမယ့်အချိန်က ဘယ်အချိန် လာမလဲဆိုတာ ဘုရားသခင်က ပြောပါ လိမ့်မယ်။ ကျနော့်ရဲ့ အသက်အရွယ်ကြောင့် မကြာခင်မှာ အနားယူရမယ်ဆိုတာတော့ သေချာပါတယ်။ နိုင်ငံ အသင်းအတွက် အလွန်ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့် ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက ချန်ပီယံ ဖြစ်ခွင့်ရတာ ကံကောင်းပါတယ်”လို့ ပြောပါတယ်။

မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ချန်ပီယံတစ်ဦးအဖြစ် ဆက်လက် ကစားသွားမယ်လို့ ပြောထားပါတယ်။

 မက်ဆီကို တွေ့ရစဉ်

ဒါပေမယ့် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ပါဝင်ကစားတော့မှာ မဟုတ်ဘဲ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာသာ ပါဝင်ကစားသွားဖို့ ရှိနေတာပါ။

မက်ဆီဟာ TV Publica နဲ့ အင်တာဗျူးမှာ အာဂျင်တီးနား အသင်းဖော်တွေရဲ့ မေးခွန်းထုတ်ခြင်း ခံခဲ့ရပြီးနောက် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ လက်ရွေးစင် ကစားသမားဘဝကနေ မကြာခင် အချိန်အတွင်းမှာ အနားယူသွားတော့မယ်လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဘယ်အချိန်မှာ အနားယူသွားမလဲဆိုတာတော့ မက်ဆီဟာ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လက်ရှိအချိန်မှာ ဖလော်ရီဒါကို ရောက်ရှိနေပြီး ဇူလိုင် ၁၆ ရက်မှာ အင်တာမိုင်ယာမီအသင်း ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတာပါ။ 

မိတ်ဆက်ပွဲ ပြီးရင်တော့ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် မေဂျာလိဂ်နဲ့ လိဂ်ဖလားပွဲတွေမှာ စတင်ပြီး ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။

Source: Goal 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6

Page 6 of 6

  1. You are here:  
  2. Home
  3. ALL
  4. Articles Archived
  5. Uncategorised
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar