CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မဏိပူရပြည်နယ်တွင် ငါးရက်ကြာ အင်တာနက် ဖြတ်တောက်ထားမည်

By CNI
CNI
Category: Uncategorised
14 May 2023
Hits: 3909

Share
Tweet
Share
Share
powered by social2s
ပုံ - NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တွေ့ဆုံ ဆွေးနွေးစဉ်

မွန်ပြည်သစ်ပါတီနှင့် နစက တွေ့ဆုံ ဆွေးနွေး

By Webmaster 2
Webmaster 2
Category: Uncategorised
06 July 2023
Hits: 3745

CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းဖြစ် ရင်ဆိုင်နေရချိန်မှာပဲ မွန်ပြည်သစ်ပါတီ(NMSP)သည် နစက၏ နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် နေပြည်တော်မှာ ဇူလိုင် ၅ ရက်နေ့က တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်သစ်ပါတီ(NMSP)၏ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်တို့ တက်ရောက်ခဲ့ပြီး နစကဘက်က နစကအဖွဲ့ဝင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့်၊ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ တက်ရောက်ခဲ့သည်။

ထို့နောက် တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်နှင့် ၇ ရက်နေ့များတွင် ဆက်လက် ကျင်းပလျက်ရှိသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် ၎င်းလှုပ်ရှားနေသည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္လာရီ တိုင်းဒေသကြီးအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်လာခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

 မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များကို တွေ့ရစဉ်

အလားတူ မွန်ပြည်နယ်အတွင်း မွန်လက်နက်ကိုင်အဖွဲ့အသစ်များလည်း ပေါ်ပေါက်လာနေသလို KNU က တပ်မဟာ(၈) ကို မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိခြင်းကြောင့် ဒေသတွင်း မတည်ငြိမ်မှု များ ပိုမိုဖြစ်ပေါ်လာမည်ကို မွန်ပြည်သစ်ပါတီ(NMSP)က စိုးရိမ်နေသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ဟံသာကတော့ မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက တပြိုင်တည်း တိုက်ခိုက်မှုလုပ်လာမည်ဆိုပါက မိမိတို့ လည်း ပါဝင် တိုက်ခိုက်မှုလုပ်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မွန်သတင်းအေဂျင်စီကို ပြောထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဒေသတွင် တည်ငြိမ်ရေးအတွက် အထူးသတိထား၍ ဆောင်ရွက် နေကြောင်း သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
လုံခြုံရေးတပ်ဖွဲ့များ မြို့တွင်း လှည့်လည်နေစဉ် (AP)

ယာယီသမ္မတက သီရိလင်္ကာကို အရေးပေါ်အခြေအနေ ထပ်မံကြေညာ

By CNI
CNI
Category: Uncategorised
18 July 2022
Hits: 4710

CNI International News

ကိုလံဘို ဇူလိုင် ၁၈

သီရိလင်္ကာအစိုးရအဖွဲ့သည် လူမှုရေး မငြိမ်မသက် ဖြစ်နေမှုများကို ထိန်းသိမ်းရန်နှင့် ချွတ်ခြုံကျနေသော စီးပွားရေး ကုစားရန် အတွက် ကြိုးပမ်းနေစဉ် ဇူလိုင် ၁၇ ရက် နှောင်းပိုင်း၌ ယာယီသမ္မတ ရာနေးဝီကရီမီဆင်က နိုင်ငံတဝန်း အရေးပေါ် အခြေ အနေ ကြေညာလိုက်ကြောင်း ရိုက်တာသတင်းတွင် တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက စီးပွားရေး ချွတ်ခြုံကျမှုနှင့် မရှိမဖြစ်ပစ္စည်းများ ဝယ်ယူ၍ မရတော့ဘဲ ပြတ်လပ်ခဲ့ခြင်းအတွက် လူထုဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ သီရိလင်္ကာ အာဏာပိုင်များသည် အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်းကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရသည်။

“ပြည်သူ့လုံခြုံရေးနှင့် ရပ်ရွာအတွင်းရှိ လူမှုဘဝအတွက် မရှိမဖြစ် လိုအပ်သော အသုံးအဆောင်နှင့် ဝန်ဆောင်မှုများ ရရှိရေး ကိုက်ညီဆီလျော်အောင် ယခု အရေးပေါ် အခြေအနေကို ထုတ်ပြန်သည်”ဟု အစိုးရကြေညာချက်တွင် ဖော်ပြထားသည်။

ယခင် သီတင်းပတ်က သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် ၎င်း၏အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုအ တွင်း တကိုယ်တော်ရုန်းထွက်၍ ပြည်ပသို့ ထွက်ပြေးသွားခဲ့ပြီးနောက် ယာယီသမ္မတအဖြစ် တာဝန်ယူလိုက်ရသည့် ဝီကရီမီ ဆင် က ယခုကဲ့သို့ အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁၅ ရက်တွင် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယခင်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော အရေးပေါ် အခြေအနေ အမိန့်ကို ရုပ်သိမ်းလိုက်ခြင်း (သို့မဟုတ်) ပျက်ပြယ်သွားခြင်း ရှိ/မရှိနှင့် ယခုအမိန့်ကို ယာယီပြန်လည် ထုတ်ပြန် ခဲ့ခြင်း ဟုတ်/မဟုတ် စသည်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။

ယာယီသမ္မတ ရာနေးဝီကရီမီဆင်နဲ့ ပြည်ပြေး သမ္မတဟောင်း(AP)

ထိုအကြောင်းကို ရိုက်တာသတင်းဌာနက ဝီကရီမီဆင်၏ရုံးမှ ပြောရေးဆိုခွင့်ရှိထံသို့ သဘောထား မှတ်ချက်ပေးရန် တောင်းခံ ခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပေ။

ယခု နောက်ဆုံး ကြေညာခဲ့သည့် အရေးပေါ် အခြေအနေနှင့် စပ်လျဉ်း၍ သီးခြားဥပဒေပါ ပြဋ္ဌာန်းချက်များကို အစိုးရက မထုတ်ပြန် သေးသော်လည်း မသင်္ကာသူများကို ဖမ်းဆီးရန်၊ ပုဂ္ဂလိပိုင် ပစ္စည်းများကို ရှာဖွေရန်နှင့် ဆန္ဒပြသူများကို နှိမ်နင်းရန် စစ်တပ်၏ ယခင်အရေးပေါ် အခြေအနေ စည်းမျဉ်းများကို အသုံးပြုထားသည်။

နိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သော ကိုလံဘိုတွင် ဇူလိုင် ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် အခြေအနေ တည်ငြိမ်နေပြီး ယာဉ်ကြော ပိတ်ဆို့မှုများနှင့် လမ်းသွားလမ်းလာများ ပုံမှန်အတိုင်း ရှိနေသည်။

အရေးပေါ် အခြေအနေ ကြေညာခြင်းသည် အစိုးရ၏ ပုံသေတုံ့ပြန်မှု ဖြစ်လာကြောင်း မူဝါဒ ရွေးချယ်ရေးဆိုင်ရာ ဗဟိုဌာနမှ အကြီးတန်းသုတေသီ ဘာဗနီဖွန်စီကာ (Bhavani Fonseka) က ပြောကြားခဲ့သည်။

“ဒါဟာ အရင်ကလည်း ထိရောက်မှု မရှိဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ” ဟု ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောသည်။

သမ္မတဟောင်း ရာဂျာပက်ဆာ၏ နုတ်ထွက်လွှာကို ဇူလိုင် ၁၅ ရက်တွင် သီရိလင်္ကာလွှတ်တော်က လက်ခံခဲ့ပြီး ဖြစ်သည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်(ဓါတ်ပုံ-Getty Images)

ယူကရိန်းကို ကူညီရန် ကြိုးပမ်းမှုအတွက် ဂုဏ်ယူမိဟု ထိုင်ဝမ်သမ္မတပြော

By CNI
CNI
Category: Uncategorised
20 September 2022
Hits: 4916

CNI International News

တိုင်ပေ၊ စက်တင်ဘာ ၂၀

ယူကရိန်းနိုင်ငံ၏ မိမိကိုယ်ကိုခုခံကာကွယ်ရေးအတွက် ကူညီရန် ကြိုးပမ်းမှုအတွက် မိမိတို့ဂုဏ်ယူကြောင်း၊ ဆက်လက်၍လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နယူးယောက်မြို့တွင် ကျင်းပသည့် ညီလာခံတစ်ခုတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။

ယူကရိန်း၏အကျပ်အတည်းကို စာနာနားလည်ပေးသည့် ထိုင်ဝမ်နိုင်ငံတွင် တိုင်ပေအစိုးရအနေဖြင့် ယူကရိန်း အခြေအနေနှင့် အလားတူခြိမ်းခြောက်ခံနေရကြောင်း အများက ရှုမြင်နေကြသည်။ ထိုင်ဝမ်ကို တရုတ်က ၎င်း၏ပို င်နက်နယ်မြေအစိတ်အပိုင်းအဖြစ် အခိုင်အမာပြောကြားပြီး ခြိမ်းခြောက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများ ဝိုင်းဝန်း ပိတ်ဆို့ကြရာတွင် ထိုင်ဝမ်လည်း ပါဝင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်း ၃၀ ကျော် လှူဒါန်းပြီးဖြစ်သည်။ မော်စကိုကတော့ ယူကရိန်းနှင့်ပတ်သက်၍ ၎င်း၏လုပ်ရပ်များကို အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသည်။

“ရုရှားကျူးကျော်သတ်ဖြတ်မှုတွေကို ကျမတို့ ကြည့်နေရင်းက ယူကရိန်းနိုင်ငံနဲ့လွတ်လပ်ရေးကို ကာကွယ်ဖို့ ယူကရိန်းနိုင်ငံသူ၊ နိုင်ငံသားတွေကို ကူညီဖို့ ကြိုးပမ်းနိုင်ခဲ့လို့ ထိုင်ဝမ်က ဂုဏ်ယူမိပါတယ်။ ဒီကြိုးပမ်းမှုတွေ ကိုလည်း ဆက်လုပ်သွားမှာပါ” ဟု ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။

တရုတ်နှင့် ပြုလုပ်မည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်သည့် တိုင်ပေပြည်သူများသည် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က“ပြန်လည်ပေါင်းစည်းခြင်းကို ငြင်းဆိုခြင်း” ဟူသော စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်(ဓါတ်ပုံ-Agence France-Presse)

သူမ၏ရုံးခန်းထဲတွင် ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းပါ သဘောထားမှတ်ချက်များနှင့်အတူ စက်တင်ဘာ ၁၉ ရက်တွင် Concordia ထိပ်သီးညီလာခံသို့ ဆိုင်အင်ဝမ်က မိန့်ခွန်းပြောကြားခဲ့သည်။
ထိုင်ဝမ်သည် တရုတ်၏ပြင်းထန်သော ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“ကျမတို့ဟာ အာဏာရှင်ဆန်တဲ့ ပြဇာတ်တစ်ပုဒ်မှာ ကိုယ့်ကိုယ်ကို အသိပညာပေးဖို့ လိုအပ်ပါတယ်။ ထိုင်ဝမ် ဒီမိုကရေစီဟာ PRC က အုပ်စည်းဖို့ ကြိုးစားနေတဲ့ တစ်ခုတည်းသော အရာမဟုတ်ဘူးဆိုတာ နားလည်ထားဖို့ လိုတယ်” ဟု ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။

၎င်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အတိုကောက်အမည် PRC ဟု ရည်ညွှန်းသုံးနှုန်း၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထိုင်ဝမ်ရဲ့ဒီမိုကရေစီလုံခြုံစေရေးဟာ ကျမတို့ စုပေါင်းအနာဂတ်အတွက် လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ လုံခြုံစေဖို့ မရှိမဖြစ် လိုအပ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ယူနိုက်တက်က ဆုဖလားတွေအကြောင်းပြောဖို့ အဆင်သင့်မဖြစ်သေးဘူး

By CNI
CNI
Category: Uncategorised
06 January 2023
Hits: 5499

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

ယူနိုက်တက်အသင်းဟာ သူ့ရဲ့အမြင်အတိုင်း အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်နေပေမယ့် ဆုဖလား ရယူဖို့ အကြောင်းပြောဖို့တော့ အဆင်သင့် မဖြစ်သေးဘူးလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “အခုရာသီရဲ့ ဒီအချိန်မှာ ဆုဖလားတွေရယူဖို့ အကြောင်းနဲ့ ပတ်သက်ပြီး မစဉ်းစားထားပါဘူး။ အခုက ကျနော်တို့ ဖြစ်ချင်တဲ့ နေရာကို ရောက်နေပေမယ့် တစ်ပွဲပြီးတစ်ပွဲ သွားနေရတုန်းပါ။ ကျနော်တို့ဟာ ပြိုင်ပွဲတွေ အများကြီး ကစားရမှာပါ။ အဲ့ဒါကြောင့် တစ်ပွဲပြီးတစ်ပွဲပဲ အာရုံစိုက် သွားမှာဖြစ်ပြီး ကြိုပြီး တွေးတော နေမှာ မဟုတ်ဘူး”လို့ ဆုဖလားရယူနိုင်တာနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ၂၀၁၆-၁၇ ရာသီက ယူရိုပါလိဂ်ဖလား ရယူပြီးနောက်ပိုင်း ၅ နှစ်ကြာ ဆုဖလားလက်မဲ့နဲ့ ဖြတ်သန်းခဲ့ရတာပါတယ်။

နည်းပြ တန်ဟတ် လက်အောက်မှာမှ ဆုဖလားရအောင် ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ကာရာဘောင်း ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာပါ။ ဒါ့အပြင် ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ဖို့ လည်း ရှိနေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ပွဲတွေမှာ တိုးတက်အောင် လုပ်ရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ကောင်းတာလောက်နဲ့ မလုံလောက်တဲ့အတွက် ကစားသမားတွေကို တွန်းအားပေးရမှာပါ။ အဖွဲ့ထဲမှာလည်း အချင်းချင်း တွန်းအားပေးပြီး ထိပ်တန်းအဆင့်အတွက် အခွင့်အရေးရလာရင် အဆင်သင့် ဖြစ်နေရပါမယ်။ ကျနော် အဓိက အာရုံစိုက်တာက အသင်းတိုးတက်အောင် လုပ်ဆောင်ဖို့ပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာကြောင့် ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ကစားအပြီးမှာ ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် ချာလ်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

More Articles …

  1. ရုရှား ၏ Iskander ဒုံးကျည်စနစ်များ အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဟု ဘယ်လာရုစ်ပြော
  2. ရုရှားကျူးကျော်ပြီးနောက် ပထမဆုံးပွဲအဖြစ် ချန်ပီယံလိဂ်ပွဲကစားမယ့် ဒိုင်နမိုကိဗ်
  3. လက်ထပ်ဖို့ ကမ်းလှမ်းခံရတာများလာလို့ ဖုန်းပါပိတ်ခဲ့ရတဲ့ ချိုဂဲလ်ဆောင်
  4. အင်တာမိုင်ယာမီနဲ့ သဘောတူညီမှုရဖို့ မက်ဆီနီးစပ်နေ
  • 1
  • 2
  • 3
  • 4
  • 5
  • 6

Page 5 of 6

  1. You are here:  
  2. Home
  3. ALL
  4. Articles Archived
  5. Uncategorised
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar