- By CNI
- Category: Uncategorised
- Hits: 5374
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၇
ယခင်က စဉ်းပင်မစဉ်းစားခဲ့ဖူးသည့် ဒေါ်လာ ၃၂၀ ဘီလီယံ တန်ကြေးရှိ စစ်ဘက်ဆိုင်ရာ တိုးချဲ့မှုများကို စတင် လုပ်ဆောင်တော့မည်ဟု ဂျပန်နိုင်ငံမှ ထုတ်ပြန်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ တိုးချဲ့မှုများကြောင့် ဂျပန်စစ်တပ်သည် တရုတ်နိုင်ငံကို ပစ်နိုင်သော ဒုံးကျည်များ ရရှိမည်ဖြစ်သည်။ အလားတူ ဒေသတွင်း တင်းမာမှုများကြောင့် ဖြစ်လာနိုင်သော ပဋိပက္ခနှင့် ရုရှား၏ ယူကရိန်းကျူးကျော်စစ် ကြောင့် ဖြစ်ပေါ်လာသည့် စစ်ပွဲဆိုင်ရာ စိုးရိမ်မှုများအတွက် အဆင်သင့် ဖြစ်နေစေမည် ဖြစ်သည်။
ရုရှားတို့၏ ကျူးကျော်မှု လမ်းစဉ်ကြောင့် တရုတ်၏ ထိုင်ဝမ်သို့ ကျူးကျော်မှုမျိုး ဖြစ်လာစေနိုင်ပြီး ထိုအခြေအနေ က အနီးအနားရှိ ဂျပန်ကျွန်းများကို ခြိမ်းခြောက်နေသလို ခေတ်ရှေ့ပြေး ဆီမီးကွန်ဒတ်တာများ ထောက်ပံ့မှုကို ထိခိုက်စေသည်။
ထို့နောက် အရှေ့အလယ်ပိုင်းမှ ဆီတင်သွင်းသည့် လမ်းကြောင်း ပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများအထိ ဖြစ်လာမည် ကို ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါ အစိုးရက စိုးရိမ်နေသည်။

ဂျပန်စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)
ဒုတိယကမ္ဘာစစ်လွန် ဂျပန်ဖွဲ့စည့်ပုံအခြေခံဥပဒေအရ စစ်တပ်ကို တရားဝင် သတ်မှတ်ထားခြင်း မရှိဘဲ ဂျပန် စစ်တပ်အား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည့် အနေအထားအထိသာ ကန့်သတ်ထားသည်။
သို့သော် ဂျပန်အစိုးရ၏ အလုံးစုံ ပါဝင်သော ၅ နှစ်တာ စီမံကိန်းနှင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ပြန်လည် မွမ်းမံခြင်းတွင် အစိုးရအနေဖြင့် အပိုပစ္စည်းများနှင့် စစ်ဘက်သုံး လက်နက်များကို သိုလှောင်ထားခြင်း၊ သယ်ယူ ပို့ဆောင်ရေးကို အားဖြည့်ခြင်း၊ ဆိုက်ဘာ စွမ်းရည်ကို မြှင့်တင်ခြင်း အပြင် အမေရိကန် အပါအဝင် တူညီသော သဘောထားရှိသည့် နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားခြင်းဖြင့် လက်ရှိ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်အပေါ် ခြိမ်းခြောက်မှုများကို ရှာဖွေသွားမည်ဟု ပြောသည်။
ရုရှား၏ ယူကရိန်းကျူးကျော်စစ်က အင်အား အသုံးပြုခြင်းကို တားမြစ်သည့် ဥပဒေများအပေါ် ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာပဋိညာဉ်၏ အခြေခံ သဘောထားအပေါ် သက်ရောက်မှု ရှိစေသည်ဟု အစိုးရ၏ အမျိုးသားလုံခြုံရေးစာတမ်းတွင် ဖော်ပြထားသည်။
တရုတ်၏ မဟာဗျူဟာမြောက် စိန်ခေါ်မှုများသည် ဂျပန်နိုင်ငံ ရင်ဆိုင်ဖူးသမျှတွင် အကြီးမားဆုံးဟုလည်း ပြောသည်။

တရုတ်-ထိုင်ဝမ်-ဂျပန် နယ်နိမိတ် အခြေပြ မြေပုံကိုတွေ့ရစဉ် (GETTY IMAGES)
ယခင်အစိုးရ အဆက်ဆက်တွင် မစဉ်းစားခဲ့ဖူးသည့် ဂျပန်စစ်တပ်အပေါ် ထပ်ဖန်တလဲလဲ အင်အား ဖြည့်တင်းခြင်း နှင့် ပတ်သက်၍ မဲဆန္ဒအများစုက ထောက်ခံနေကြသည်ကို စစ်တမ်းများတွင် တွေ့နိုင်သည်။ တချို့သော စစ်တမ်း ရလဒ်များအရ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းနီးပါးခန့်က ယခုလုပ်ရပ်များကို ထောက်ခံနေကြသည်ကိုပင် တွေ့ရသည်။ ဝန်ကြီးချုပ် ကီရှီဒါ၏ အစီအစဉ်မှာ လာမည့် ၅ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်း အထိ ၂ ဆမြှင့်တင်ရန်နှင့် ကာကွယ်ရေးဌာန အသုံးစရိတ်ကို ပြည်သူ့အသုံးစရိတ်၏ ၁၀ ပုံ ၁ ပုံအထိ မြှင့်တင် သွားရန် ဖြစ်သည်။
ထို့ကြောင့် ဂျပန်သည် အမေရိကန်၊ တရုတ်တို့ ပြီးနောက် တတိယမြောက် ကာကွယ်ရေး အသုံးစရိတ် အမြင့် မားဆုံးနိုင်ငံလည်း ဖြစ်လာမည်။
သို့သော် ဆွေးနွေးမှုများ လုပ်ဆောင်နေဆဲ အခြေအနေတွင်သာ ရှိနေသေးခြင်းကြောင့် ဝန်ကြီးချုပ်၏ စီမံကိန်း အတွက် ကျသင့်ငွေကို အခွန်မြှင့်တင်ခြင်း သို့မဟုတ် ငွေချေးခြင်းဖြင့် ရှာဖွေမည်လား ဆိုသည်ကိုတော့ တိတိကျ ကျ မသိရသေးပေ။
Source: အယ်ဂျာဇီးယား
- By CNI
- Category: Uncategorised
- Hits: 5275
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ပါဝင်သည့် ပင်လောင်းမြို့မှာ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မိုးသီးများပါကျကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: Uncategorised
- Hits: 3643
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၂
မကြာခင်မှာ အစိုးရသစ်ကို အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းပေးရတော့မည်ဖြစ်သည့် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha)က နိုင်ငံရေးမှ ထွက်ခွာတော့မည်ဖြစ်သလို၊ ညီညွတ်သော ထိုင်းပါတီ (United Thai Nation Party)၏ အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။
သို့သော် ပါတီခေါင်းဆောင်နှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များအနေဖြင့် ခိုင်မာသော သဘောတရားများဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လုပ်ပြီး နိုင်ငံ၏ အဆောက်အအုံများကို ကာကွယ်ကာ၊ ထိုင်းပြည်သူများကိုလည်း ဂရုစိုက်ဖို့ ၎င်း၏ ဆန္ဒကိုလည်း ပရာယွတ်က ဖော်ပြသွားခဲ့သည်။

ညီညွတ်သောထိုင်းပါတီ ခေါင်းဆောင်များနဲ့အတူတွေ့ရသော ပရာယွတ်
ပြည်သူများအနေဖြင့်လည်း ပါတီ၏ အလုပ်ကို ဆက်လက်ထောက်ခံကြဖို့ ပရာယွတ်က တောင်းဆိုခဲ့သည်။
ထို့နောက် မေလ ၁၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ပါတီနှင့် သူ့ကို ထောက်ခံခဲ့သည့်အပေါ်လည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ညီညွတ်သော ထိုင်းပါတီကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ ၁၂.၅၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။ ထိပ်တန်း ၁၃ ပါတီတွင် ပါဝင်ခဲ့ပြီး အမတ်နေရာ ၃၆ နေရာရခဲ့သည်။ မကြာသေးမီကမှ လောလောလတ်လတ် ထူထောင်ထားသည့် ပါတီတစ်ခုအတွက် ရလဒ်ကောင်းသည်ဟု ယူဆခဲ့ကြသည်။
“ညီညွတ်သော ထိုင်းပါတီကို ဝင်ခဲ့ရတာက သဘောတရားအားကောင်းတဲ့ ပါတီတစ်ခုကို အလိုရှိနေခဲ့လို့ပဲ။ နိုင်ငံ၊ ဘာသာတရားနဲ့ ဘုရင်ကိုလည်း ချစ်၊ အနာဂတ်မှာ နိုင်ငံအတွက် ဒေါက်တိုင်လည်း ဖြစ်လာရမယ်ပေါ့”ဟု ပရာယွတ်က ပြောကြားခဲ့သည်။
ပရာယွတ်သည် နိုင်ငံတစ်ဝန်း ခရီးလှည့်လည်၍ ပြည်သူများနှင့် တွေ့ဆုံရာတွင် နားလည် စာနာမှုနှင့် ယုံကြည် မှုများကို ရခဲ့သည်။
“ပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေကို ကြားနာခွင့်ရခဲ့တာ ဝမ်းသာမိပါတယ်။ ဘယ်တော့မှ မမေ့ နိုင်တော့တဲ့ တန်ဖိုးကြီးတဲ့ အတွေ့အကြုံတွေပါ”ဟုလည်း ပရာယွတ်က ပြောသည်။
သူ၏ ဝန်ကြီးချုပ်သက်တမ်း ၉ နှစ်တာအတွင်း နိုင်ငံနှင့်ပြည်သူ ကြွယ်ဝလာစေရန် အပြင်းအထန် အလုပ်လုပ် ခဲ့သည်ဟုလည်း ပရာယွတ်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: Uncategorised
- Hits: 5328
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ့တပ်မတော်ဘက်က မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြင်းပြင်းထန်ထန် တိုက်လာပါက ပြန်ပြီးတုန့်ပြန်မှုကလည်း ပြင်းပြင်း ထန်ထန်ဖြစ်မည်ဟု ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော RFA နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၏ အင်တာဗျူး တွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “ စစ်ရေး ပရိယာယ်ဆိုတာကတော့ ပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးမှ စဉ်းစားထား တာတွေ အများကြီးရှိပါတယ်၊ ပြင်းပြင်းထန်ထန် တိုက်လို့ရှိရင်တော့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်တာဆိုတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘက်တစ်ဘက်က ပြင်းပြင်းထန်ထန် လုပ်ရင် ပြန်ပြီး တုန့်ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေကို စဉ်းစားထားတာ ရှိ သလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှုအပြည့်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အနန့်ပါကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဉ်
KIA သည် မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ လူဦးရေ ၄၀၀၀ ကျော်ကို စစ်သင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် KIA သည် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)တို့နှင့် ပူးပေါင်း၍ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါကို တပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA အရာရှိကြီးများ အပါအဝင် လူဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်။
ထို့နောက် တပ်မတော်နှင့် KIA-PDF ပူးပေါင်း အဖွဲ့များကြား စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း) စသည့် ဒေသများတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားသလို စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။
- By CNI
- Category: Uncategorised
- Hits: 318
CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပလျက်ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ
ထိုအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြုကြမည်ဖြစ်သလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ကို ရွေးချယ်မည်ဖြစ်သည်။
